မျိုးသန့်၊ အောင်ကိုဦး| ကြာသပတေးနေ့၊ ဇူလိုင်လ ၃ ရက်၊ ၂၀၁၄ ခုနှစ်။
မန္တလေးမြို့တွင် ဇူလိုင် ၁ ရက်ညက ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်သည် ဒေသခံဌာနဆိုင်ရာ တာဝန်ရှိ အစိုးရ အာဏာပိုင်များ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းချက်ကြောင့် ဖြစ်လာရသည်ဟု အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ် (မန္တလေး)က ပြစ်တင်ဝေဖန်လိုက်သည်။
“တရားဥပဒေစိုးမိုးရေးဆိုတာ မြန်မာနိုင်ငံမှာ မရှိသေးဘူး။ တရားရေးအုပ်ချုပ်ရေး ပျက်စီးနေတယ်။ ခိုင်ခိုင်မာမာ ပတ်ပြတ်သားသား မရှိဘူး။ အခုဖြစ်စဉ်မှာလည်း အစောကြီးလူစုခွဲရမှာတွေ လုပ်ရမှာကို မလုပ်ဘဲ ရပ်ကြည့်နေတော့ လူအုပ်စုများလာတယ်။ ဒါကြောင့် ပြဿနာပိုကြီးသွားတယ်လို့ မြင်တယ်”ဟု သံဃသမဂ္ဂ နာယကဆရာတော် ဦးကာဝိယက မိန့်သည်။
သံဃသမဂ္ဂအဖွဲ့ဝင်သံဃာများက မေတ္တာကရုဏာနှင့် ငြိမ်းချမ်းရေးကို ရှေ့ရှုဆောင်ရွက်နေခြင်းဖြစ်ပြီး
အထက်မြန်မာပြည်မြန်မာနိုင်ငံလုံ
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွ
“လူစုကွဲစေဖို့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ ကျော်၊ လုံခြုံရေးတပ်ဖွဲ့ခွဲအင်အား ၃၀၀ နီးပါးနဲ့ နယ်မြေ လုံခြုံရေး လုပ်ဆောင်ခဲ့ပါတယ်။ ဖြစ်စဉ်ကို ကြည့်ရှုသူ လေးဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လူစုလူဝေး ဖြစ်ပေါ်တဲ့အတွက်၂၆လမ်းနဲ့ ၈၆လမ်းထောင့်မှာ ရော်ဘာကျည်ဆန် သုံးချက်ပစ်ဖောက်ခဲ့ပါတယ်” ဟု ဒု-ရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။
“ပဋိပက္ခဆက်မဖြစ်အောင် အထူးကြပ်မတ်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ပြည်သူတွေဘက်ကလည်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိရင် သတင်းပေးဖို့အတွက်လည်း အကူအညီတောင်းခံပါတယ်”ဟု ဒု-ရဲမှူးကြီး ဇော်မင်းဦးက တောင်းဆိုသည်။
နေလက်ဖက်ရည်ဆိုင်နှင့် ဆန်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦးက အမျိုးသမီးတစ်ဦးကို ပျဉ်းမနားမြို့တွင် ဇွန်လ၂၈ ရက်က အဓမ္မပြုကျင့်ခဲ့သည်ဆိုကာ ကာယကံရှင်အမျိုးသမီး၏ စွပ်စွဲတိုင်တန်းချက်အရ ပျဉ်းမနားမြို့ မြို့မရဲစခန်းတွင် ဇွန်လ၂၉ ရက်က ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၃/ ၂၀၁၄၊ (ပ) ၃၇၆ ဖြင့် ပျဉ်းမနားမြို့ ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟုလည်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီး ပထမတန်း ဒု-ရဲမှူးကြီး ဇော်မင်းဦးက ဆိုသည်။
အဓမ္မပြုကျင့်သူဟု စွပ်စွဲခံရသူတစ်ဦး၏ အမျိုးသမီးကမူ “ဆိုင်မှာ အမျိုးသမီးဝန်ထမ်း မရှိပါဘူး။ အဒေါ်ကြီး တစ်ယောက်နဲ့ ကျွန်မပဲ ရှိပါတယ်”ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသွားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြဿနာ ဖြစ်ပေါ်နိုင်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁ ရက်တွင် ဆိုင်ကို ပိတ်သိမ်းရန် ညွှန်ကြားရာမှ ပဋိပက္ခစတင်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အချက်လေးချက်ပါ ကြေညာချက်တစ်စောင်ကို ဇူလိုင် ၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ကြေညာချက်တွင် “ပဋိပက္ခများဖြစ်ပေါ်လာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစားပေးသင့်ပါသည်။ ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစားပေး ဆောင်ရွက်သင့်ပါသည်” ဟု အကြံပြုထားသည်။
ACM Credit To :Mizzima - News in Burmese
http://
Post a Comment