(အယ်ဒီတာ့အာဘော်) လူ့သမဂ္ဂတစ်ခုတွင် မည်သည့်အဖြစ်အပျက်များပင်မဆို သူ့အလိုလို အကြောင်းတရားမရှိဘဲ အကျိုးတရားတစ်ခု ဖြစ်ထွန်းလာတတ်သည်ရယ်လို့ မရှိချေ။ မည်သည့်အရာ မည်သည့်ကိစ္စမဆို ဟေတုပစ္စယော ဘဝေါ သဘောချည်းသာ ဖြစ်သည်။ ထို့ကြောင့် မိမိတို့သည်အဖြစ်အပျက်တစ်ခု ဖြစ်လာသည့်အခါ သူ့ချည်းသက်သက် အရာရာနှင့် ကွင်းဆက်ဖြတ်ပြီး လေ့လာစဉ်းစားသုံးသပ်ပါက မှားယွင်းသော အဖြေများချည်း ရနေပေလိမ့်မည်။ သည်ကြားထဲ ထိုအဖြစ်အပျက် ထိုအကျိုးဆက် ဖြစ်ပေါ်လာစေရေး အကြောင်းတရား အသေးအမွှားများကလည်း ရှိနေတတ်ပြန်သည်မို့ မိမိတို့သည် မူလဇာစ်မြစ် အကြောင်းတရားကို ထိုးထွင်းသိမြင်ဖို့ရာ မလွယ်ကူ ဖြစ်ရပြန်သည်။ ထိုအဓိကမကျ သာမညအကြောင်းတရားကလေးများသည် မူလပဓာနကျသည့် အကြောင်းတရားကို ရှေ့မှကာဆီးကာ အဖြေမှန်မရရှိရေး အဟန့်အတားအဖြစ် ရပ်ကြပြန်သည်။ ထို့ကြောင့် မှားယွင်းသော ကောက်ချက်နောက်သို့ ကောက်ကောက်ပါအောင် လိုက်ဖို့ရန် အခြေအနေက ကောင်းကောင်းကြီး တွန်းပို့နေတော့သည်။
သည်နေရာတွင် ပဋိပုစ္ဆာသဘောအရ မေးခွန်းတချို့မှ အစပြုရပေလိမ့်မည်။ မည်သည့်အတွက်ကြောင့် ဘာသာရေး၊လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားနေရသနည်း။ သည်ပြဿနာကို မည်ကဲ့သို့ အဖြေရှာ ပြေပျောက်အောင် ဆောင်ရွက်ကြမည်နည်း။ အဓိကနှင့်သာမည အကြောင်းတရားများကို မည်ကဲ့သို့ခွဲခြားကြမည်နည်း။ အစရှိသော မေးခွန်းများဖြင့် ပြဿနာကို လေ့လာအဖြေရှာရပေမည်။ တစ်ခုတော့ ရှိပါသည်။ ပြဿနာများ၏ အဖြေ အစအနကို ကောက်ယူဆွဲထုတ်ဖို့ဆိုသည်မှာ မိမိတို့အားလုံး သမိုင်းအပေါ် ဗဟုသုတရှိမှု၊ အတွေးအခေါ်အရာတွင် မြင့်မားတည်ငြိမ်မှု ရှိမှသာလျှင် အဖြေမှန်ကို ရွေးချယ်နိုင်ပေမည်။
ယခုလို လူမျိုးရေး၊ ဘာသာရေးဆန်သည့် ပဋိပက္ခများ မဖြစ်ပွားရလေအောင် မိမိတို့သည် မိမိတို့၏ သမိုင်း၊ လူမျိုးများ၏ သမိုင်း ဗဟုသုတများ ကြွယ်ဝနေဖို့ လိုအပ်သည်။ ဥပမာ သည်ကနေ့ ဒီမိုကရေစီနိုင်ငံတို့၏ ရှေ့ဆောင်နိုင်ငံကြီး တစ်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံတွင် ၁၉ ရာစုအကုန်လောက်က လူဖြူလူမည်း ပဋိပက္ခ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးသည်။ လူဖြူအစွန်းရောက်များက ကေသုံးလုံးလို အဖွဲ့များဖွဲ့ကာ လူမည်းများကို သတ်သည်။လူမည်းအစွန်းရောက်များကလ
သို့သော်အာဏာရ အစိုးရများကိုယ်တိုင်က လူဖြူလူမည်းပြဿနာကို မလိုလားကြပါ။ အစွန်းရောက်သည့် အစိုးရ၊ကိုယ်ကျိုးကြည့် အခွင့်အာဏာမက်မောသည့် အစိုးရများမဟုတ်သဖြင့် ထိုလူဖြူလူမည်းပြဿနာကြီးမှာ အစိုးရနှင့် လူထုပူးတွဲ အဖြေရှာဖြေရှင်းနိုင်ခဲ့ကြသည်။ ထိုနည်းတူစွာပင် မိမိတို့ လူမျိုးများ အင်္ဂလိပ်နယ်ချဲ့ အစိုးရ လက်အောက်ရောက်ရှိနေစဉ် နယ်ချဲ့အစိုးရဆန့်ကျင်ရေး အမျိုးသားရေး လှိုင်းတံပိုးများ ထကြွလာချိန် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ဖြစ်ပွားနေစဉ် ကုလားနှင့် ဗမာအဓိကရုဏ်းများ ဖြစ်ပွားလာခဲ့သည်။ နယ်ချဲ့ အစိုးရဆန့်ကျင်ရေး အမျိုးသား လွတ်လပ်ရေး ရည်မှန်းချက် လမ်းပျောက်မလို ဖြစ်ခဲ့ရသည်။
သို့သော်စစ်မှန်ပြီး အစွန်းမရောက် အမြင်မကျဉ်းသည့် ခေါင်းဆောင်များ ပြည်သူများသည် ထို ကုလား-ဗမာ အရေးအခင်းကို မှန်ကန်စွာ ဖြေရှင်းနိုင်ခဲ့ကြသည်။ နယ်ချဲ့သမားက သွေးထိုးလှုံ့ဆော်မှုကြောင့်သာ ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ပွားလာရခြင်း ဖြစ်သည်ဆိုသည့် မှန်ကန်သည့်အဖြေကို ရအောင်ယူနိုင်ခဲ့ကြသည်။ ထိုဥပမာများ ထိုသမိုင်းသက်သေများကို မိမိတို့ မလေ့လာဘဲ နေလို့မဖြစ်ပါ။ သင်ခန်းစာမယူဘဲ နေလို့မဖြစ်ပါ။
ယခုအခါ မိမိတို့တိုင်းပြည် မိမိတို့ လူ့သမဂ္ဂသည် တစ်စုံတစ်ရာ ရှုပ်ထွေးသည့် ပြဿနာများကို ရင်ဆိုင်နေကြရပါသည်။အာဏာရှင်စနစ
ယခုတော့ မိမိတို့ တိုင်းပြည် မိမိတို့ ပြည်သူများအဖို့ ပဋိပက္ခများကြာရှည်လာသည်နှင့်အမှ
မည်သို့ပင် ဖြေရှင်းသည်ဖြစ်ပါစေ မိမိတို့ တိုင်းပြည်ဒဏ်ရာ အနာတရဖြစ်ခဲ့ရပြီဆိုသည်ကိုမူ မည်သူမျှ ငြင်းနိုင်ကြမည် မထင်ပါ။ သည်ပြဿနာများ မည်သူ့အပေါ်တွင် တာဝန်အရှိဆုံး ဖြစ်မည်နည်း။ မည်သူတို့က ဦးဆောင်ဖြေရှင်းမှသာ အမြန်ငြိမ်းအေးသွားမည်နည်း။ အမြန်ဆုံးအဖြေရှာ ဆောင်ရွက်ကြဖို့ အပူတပြင်း တိုက်တွန်းအပ်ပါသည်။
ACM Credit To: Mizzima - News in Burmese
http://
Post a Comment