ပုဂံအပါအဝင်ပြည်နယ်နှင့်တိုင်းအသီးသီး၌ညဈေးများဖော်ဆောင်နိုင်ရန်ဆောင်ရွက်
စိုးချစ်ချစ်ပိုင် ၊ ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀) အမှတ်(၂၅)
ရန်ကုန်၊ ခရီးသွားဧည့်သည်များ အများဆုံးဝင် ရောက်လေ့ရှိသည့် ပုဂံအပါအဝင် ပြည်နယ်နှင့် တိုင်းအသီးသီး၌ ညဈေးများဖော်ဆောင်နိုင် ရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော် မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးÓဏ်ထွန်းအား အကြံပြုတင်ပြထားကြောင်း မြန်မာနိုင်ငံစား သောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ သိရ သည်။
ပုဂံမြို့တွင် ညဈေးဖော်ဆောင်ရာ၌ ယဉ် ကျေးမှုဝန်ကြီးဌာနမှ ချမှတ်ပေးသည့်နေရာ တွင် ဖော်ဆောင်သွားမည်ဖြစ်ပြီး နေရာသတ် မှတ်ရခြင်းမရှိသေးကြောင်းသိရသည်။
''ပုဂံမြို့တင်မဟုတ်ပါဘူး။ တခြားပြည်နယ် နဲ့ တိုင်းမြို့ကြီးတွေမှာလဲ ညဈေးတွေဖော်ဆောင် နိုင်ဖို့ အထက်ကို အကြံပြုတင်ပြထားပါတယ်။ လတ်တလောတော့ ပုဂံမြို့မှာစတင်အကောင် အထည်ဖော်နိုင်ဖို့ တင်ပြထားတာပါ''ဟု မြန် မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအ သင်းဒုဥက္ကဋ္ဌ(၁)ဦးခင်အောင်ထွန်းက ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထွန်းကားပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည် သည့်များ အများဆုံး ဝင်ရောက်လေ့ရှိသည့် ပုဂံမြို့တွင် ညဈေးများ ဖော်ဆောင်ခြင်းအား ဖြင့် ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင် မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းအသိုင်း အဝိုင်းက သုံးသပ်သည်။
''ခရီးသွားဧည့်သည်တွေအနေနဲ့ ညဘက် တွေဆို ဟိုတယ်နဲ့စားသောက်ဆိုင်တွေပဲ သွား စရာရှိတယ်။ ညဈေးဖော်ဆောင်တဲ့အတွက် ည ဘက်တွေမှာ လည်ပတ်စရာ တစ်ခုတိုးမယ်။ နိုင်ငံခြားဧည့်သည်တွေအနေနဲ့လဲ မြန်မာ့ရိုးရာ ချည်ထည်၊ မြန်မာ့ရိုးရာခရီးသွားအမှတ်တရ ပစ္စည်းတွေဝယ်ယူနိုင်မယ်။ ဒေသခံတွေရဲ့အ လုပ်အကိုင်၊ ဝင်ငွေတိုးပွားမယ်။ လူနေမှုအဆင့် အတန်းတွေမြင့်လာမယ်။ ဆင်းရဲမှုလျှော့ချရေး ကိုလဲ အထောက်အကူဖြစ်စေတယ်''ဟု ဦးခင် အောင်ထွန်းက ဆက်လက်ပြောသည်။
ပုဂံမြို့တွင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ အခင်းဖြစ်ပွားမှု များလည်း ပိုမိုများပြားလာခြင်းကြောင့် ညဈေး ဖော်ဆောင်မည်ဆိုပါက ခရီးသွားဧည့်သည်များ ပိုမိုလုံခြုံမှုရှိစေရန် လုံခြုံရေးပိုင်းအား ထပ်မံတိုး ချဲ့ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး(၁) ဦးတင်ထွန်းအောင်က သုံးသပ်ပြောသည်။
ACM Credit To :Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment