မှောင်ခိုစစ်ဆေးရေးတွေ လုပ်နေတဲ့ မိုဘိုင်းတင်း အဖွဲ့ဝင်တွေဟာ အိမ်စီးကားတွေနဲ့ မှောင်ခိုလုပ်နေသူတွေကို မစစ်ဆေးနိုင်သေးဘူးလို့ သိရပါတယ်။
ညောင်ခါးရှည် မိုဘိုင်းတင်းမ်အဖွဲ့ဝင် လက်ထောက်ညွှန်ကြားရေးမှူး ဦးနေထက်မင်းက “အိမ်စီးကားတွေကိုတော့ မစစ်နိုင်သေးဘူး။ ပုံမှန်ခရီးသွား ယာဉ်ကိုတော့ စစ်တယ်။ ရည်ရွယ်ချက်ရှိတဲ့ အိမ်စီးကားတွေကတော့ မောင်းကိုသွားတယ်။ အနည်းဆုံးတော့ ကီလို ၁၀၀ အထက်ပဲ” လို့ ဆိုပါတယ်။
အဝေးပြေးလမ်းမကြီးတွေမှာ အရှိန်နှေးစေတဲ့ Slow Down တွေ၊ အဆောက်အအုံတွေ ဆောက်လုပ်ခွင့် မရှိတာဟာ မှောင်ခိုစစ်တဲ့အခါ အန္တရာယ် ကြီးစေတယ်လို့ ဦးနေထက်မင်းက ဆိုပါတယ်။
အိမ်စီးကားတွေ အများဆုံး သယ်ဆောင်လေ့ ရှိတာက ဟန်းဆက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ အသေးစား အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ စပိုင်ကင်မရာလို ပစ္စည်းတွေဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြည်တွင်ကို မှောင်ခိုသွင်းလာတဲ့ ဟန်းဆက်အရေအတွက်က ခြောက်သန်းကျော် ရှိပြီလို့ သိရပါတယ်။
ACM Credit To : The Voice Weekly
http://
Post a Comment