ဖားကန့်တွင် ဘိန်းခန်းပိုင်ရှင်များကိုဖမ်းဆီးပြီး ဘိန်းခန်းအချို့ကို ဖျက်ဆီး
ဖားကန့်မြို့နယ် ဆည်ဆင်းကျေးရွာအနီးရှိဘိန်းခန်းအ ချို့ကို တပ်မတော်မှဝင်ရောက်စီး နင်းခဲ့ပြီး ပိုင်ရှင်များကို ဖမ်းဆီးကာဘိန်းခန်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ သတင်းရရှိသည်။
‘‘စစ်တပ်က ဘိန်းခန်းတွေ ကို ၀င်ဖမ်းပြီး ဖျက်ဆီးလိုက်တယ်။တရားခံတွေကို စခန်းကို အပ်ပေးတယ်။ ကျွန်တော်တို့နဲ့အလှမ်းဝေးတဲ့ နေရာတွေမှာ စစ်တပ်က စီမံချက်နဲ့ ချနေတယ်လို့ သိရတယ်။ တပ်ကိစ္စဆိုတော့ ကျွန်တော်တို့လည်း ပြည့်ပြည့်စုံစုံမသိရပါဘူး’’ဟု ဆည်ဆည်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
ဆည်ဆင်းရွာအနီး မှော်က ဋေ၊ ဆည်လက်ခတ်နှင့်ဖာဟောင်းမှော်အနီးရှိ ဘိန်းခန်းသုံးခန်းကို ဇွန် ၂၈ရက်တွင် နယ်မြေခံတပ်ရင်း ၆၆က ၀င်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ဘိန်း ခန်းပိုင်ရှင်အမျိုးသားနှစ်ဦးနှင့် အ မျိုးသမီးတစ်ဦးကိုလည်း ဖမ်း၍ ဆည်ဆင်းရဲစခန်းသို့ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးသူများတွင်ပါဝင် သည့် အမျိုးသားတစ်ဦးမှာ ဖား ကန့်ဒေသတွင် မူးယစ်ဆေးပမာ ဏများစွာအရောင်းအ၀ယ်လုပ် နေသည့် ကုန်သည်တစ်ဦး၏ကိုယ် စားလှယ်ဖြစ်ပြီး ယခုတစ်ကြိမ်ဖမ်း ဆီးမှုမျိုးမှာ အံ့သြစရာကောင်း ကြောင်း ဒေသခံတစ်ဦးကပြော သည်။
‘‘စစ်တပ်ကတော့လူကိုဖမ်း ပြီး စခန်းတွေပါ မီးရှို့ပစ်လိုက် တာ။ ဒီတစ်ခါဖမ်းတာမျိုးက စိတ် ၀င်စားဖို့ကောင်းတယ်။မြို့ပေါ် မှာ မချောင်တော့ ရောင်းတဲ့သူ တွေကလည်း တောထဲမှာ ဘိန်း ခန်းတွေဖွင့်ပြီးရောင်းတာ။ ဒိုင်ကြီး တစ်ယောက်ရဲ့လူပါ ပါသွား တယ်’’ဟု ဆည်လက်ခတ်မှော်အ နီးတွင်နေသည့် အဆိုပါ ဒေသခံ ကပြောသည်။
မူးယစ်ဆေးသံးစွဲမှုများ သည့် ရွှေမှော်များတွင် ဖမ်းဆီးနေ ပြီး လုံခြုံရေးအတွက် အာမခံချက် မပေးနိုင်သည့် နေရာများ၌ စစ် တပ်က ဖမ်းဆီးကာ ဇွန် ၂၈ ရက် က ဖမ်းခဲ့သည့် မူးယစ်ဆေးရောင်း သူသုံးဦးအား ဆည်ဆင်းရဲစခန်းသို့ လွှဲအပ်ခဲ့ပြီးထိုမှတစ်ဆင့် ဖားကန့်မြို့မရဲစခန်းသို့ ပြောင်းရွှေ့ထိန်းသိမ်းကာ စစ်ဆေးနေကြောင်းဖားကန့်မြို့မရဲစခန်းမှူးဒုတိယရဲမှူးနိုင်းဝင်းက ပြောသည်။
ACM Credit To : 7 Day Daily
http://www.ayechanmon-news1.com/
Post a Comment