0
သမီး....

ကိုယ့်အတွက် မလိုအပ်ပဲ
ဝယ်စားလိုက်တဲ့အရာဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်
အသက်ကယ်နိုင်တဲ့ထမင်းတစ်နပ်လည်း
ဖြစ်နေတတ်တယ်

သမီး.....
ကိုယ့်အတွက်ဖိနပ်ဟောင်းတရံက
စွန့်ပစ်ဖို့လွယ်ကူပေမယ့်
သူအတွက်တော့
သူရဲ့ဆူးစူးနေတဲ့ ခြေထောက်လေးအတွက်
အကာအကွယ်ပေးနေတတ်တယ်

သမီး....
ကိုယ့်အတွက်
ဟောင်နွမ်းနေတဲ့အဝတ်အစားက့ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးတစ်ယောက်အတွက်တော့
နွေးထွေးမှုလေးတစ်ခု ပေးနေတတ်တယ်

သမီး.....
ကြွားဝါဖို့ အတွက်
ထည်လဲစီးနေတဲ့ကား
ထည်လဲဝတ်နေတဲ့အဝတ်အစား
အသုံးအဆောင်တန်ဖိုးတွေ
လမ်းဘေးကကလေးများအတွက်တော့ ဘ၀အာမခံချက်ကို ပေးနိုင်တဲ့
ပညာရေး တစ်ခု ဖြစ်နေတတ်တယ်

သမီး.....
ကိုယ့်အတွက် မလိုအပ်တာလေးတွေကို လျစ်လျူရူပြီး
လောကလိုအပ်ချက်လေးတွေ အဖြစ်
အသုံးပြုနိုင်ကြပါစေ။

ဖေဖေ

ACM Credit To : သမီးလေးဖတ်ဖို့- ကောင်းသန့်
http://www.ayechanmon-news1.com/
Photo: သမီး....

Post a Comment

Top