မန်ချက်စတာတွင် နေထိုင်သော အသက်(၄၁)နှစ်အရွယ် Mark Pickford ဆိုသူဟာ အင်္ဂလန်ရှိ Yorkshire တွင် နေထိုင်သော ကလေးနှစ်ယောက်အမေဖြစ်သော အသက်(၄၀)နှစ်အရွယ် ၎င်း၏ဝမ်းကွဲညီမနဲ့ အဆက်အသွယ် ပြတ်နေရာကနေ သူမက ဖုန်းစာတိုဖြင့် ဆက်သွယ်လာခဲ့ရာမှ ပြန်အဆက်အသွယ် ရခဲ့သည်။
၎င်းတို့နှစ်ဦးဟာ ဖုန်းစာတို အပြန်အလှန်ပို့ရင်းမှ လိင်ကိစ္စနှင့် ပတ်သက်သော ဖုန်းစာတိုများပို့ရင်း အရှိန်မြင့်လာကာ Mark က မိုင်(၁၀၀)ကွာဝေးသော ခရီးကိုနှင်ခဲ့ပြီး သူမနှင့် တစ်ပတ်တစ်ကြိမ်ခန့် ပုံမှန်ဆိုသလို သားမယားလို နေထိုင်ခဲ့ကြောင်း သိရသည်။
တနေ့တွင် သူတို့နှစ်ဦးဟာ မူးယစ်ဆေးဝါးနှင့် အရက်သေစာသောက်စားပြီး မန်ချက်စတာပုံစံမျိုးနှင့် အတူဆက်ဆံမည်ဆိုကာ Mark ကို လက်များတုတ်နှောင်၍ ခုတင်ပေါ်ချည်နှောင်ထားကာ နှစ်ယောက်အတူနေခဲ့ကြောင်း သိရသည်။
နောက်တနေ့နံနက်တွင် ရဲများက ၎င်းအားလာနှိုးမှ ပြန်နိုးခဲ့သော Mark ဟာ ၎င်း၏ကိုယ်ပေါ်တွင် သူ့နှမဝမ်းကွဲ ဒဏ်ရာများဖြင့် ၎င်းလည်ပင်းကို သိုင်းဖက်လျက် အဝတ်မပါဘဲ သေဆုံးနေခဲ့ကာ ၎င်းကိုယ်တိုင်လဲ သွေးအိုင်ထဲအိပ်နေခဲ့တာကို သတိထားမိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ၏အလောင်းကို သူမ၏အခန်းမှ အောက်ထပ်အခန်းသို့ ရေစိမ့ယိုသဖြင့် လာစစ်ဆေးသော အိမ်နီးချင်းက ပြီးခဲ့သည့် ဧပြီလ(၁၃)ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်း၏့နှမဝမ်းကွဲ သေဆုံးမှုအတွက် Mark ကို လူသေမှုဖြင့် အမှုစွဲခဲ့ခြင်းအား Mark က သူဘာမှမသိကြောင်း ငြင်းဆိုခဲ့သည်။ Mark က သူဟာ ထိုကဲ့သို့ မိုက်ရူးရဲလိင်ဆက်ဆံမှု တခါမှ ပြုခဲ့ဖူးခြင်း မရှိကြောင်း ၊ အရက် နှင့် မူးယစ်ဆေးဝါးသုံးပြီး ဘာဆိုဘာမှ မသိခဲ့သောသူဟာ ရဲလာနှိုးမှ နိုးခဲ့သည့်အတွက် သူ့နှမဝမ်းကွဲသေဆုံးမှုတွင် ၎င်း၌ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။
တရားရုံးက ရှစ်နာရီကြာမျှ အပြန်အလှန် နောက်ဆုံး သုံးသပ်ဆွေးနွေးမှုပြုခဲ့ပြီးနော
Source : Dailymail
ပုံရိပ်(burmesehearts.com)
ACM Credit To:burmesehearts.com
http://
Post a Comment