0

အယ်ဒီတာခင်ဗျာ

ကျွန်တော်ကတော့ သတ္တုတွင်း ၀န်ကြီးဌာန(၁)က ၀န်ထမ်း တစ်ယောက်ပါ။ ၀န်ကြီးဌာန အောက်မှာ ၀န်ကြီးရုံး၊ သတ္တု တွင်းဦးစီး၊ အမှတ်(၂)သတ္တုတွင်း၊အမှတ်(၂)၊ အမှတ်(၃)၊ ကျောက် မျက်၊ ပုလဲနှင့် ဘဓရ ဆိုပြီးတော့ ရှိပါတယ်။ ကျွန်တော်က ဘဓရ ကပါ။ ဘဓရ အရှည်ကတော့ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ် သတ္တုရှာဖွေရေး ဦးစီးဌာနပါ။ ဌာနအောက်မှာ ကျွန်တော်တို့ ဌာနက အဆင်းရဲဆုံးနဲ့ အပင်ပန်း ဆုံးဌာနပါ။ရှာဖွေရေးပေါ့။ ကျွန်တော်ပြောချင်တာက အခု ဌာနမှာ ရာထူးတိုးကိစ္စနဲ့ပတ်သက် ပြီးတော့ လူကြီးတွေက ပွင့်လင်း မြင်သာမှု မရှိဘဲနဲ့ သူတို့နဲ့ အဆင် ပြေတဲ့သူကိုပေးတာပါပဲ။ သူတို့ ပေးတဲ့သူတွေက ကိုယ့်ထက်အ စစအရာရာ သာတဲ့သူက မရှိ သလောက်ရှားပါတယ်။ ကျွန်တော်တို့ကို တောထဲပို့ထားပြီးတော့ ရုံးချုပ်မှာ သူတို့လုပ်ချင် သလို လုပ်သွားတာကိုပါ။ ကျွန်တော်တို့ အရမ်းနစ်နာပါတယ်။ ဌာနတိုင်းမှာ ဒီလိုတွေ ရှိ ပေမယ့် အဲဒါကို အများပြည်သူတွေ သိစေချင်ပါတယ်။ ခုလိုပွင့်လင်းမြင်သာတဲ့ ခေတ်မှာပေါ့။

ကျွန်တော်တို့က တောထဲ တောင်ထဲမှာ ပင်ပင်ပန်းပန်း ရှာ ဖွေရေးလုပ်ရပြီး အခွင့်အရေး တော့ဘယ်တော့မှ မရခဲ့ပါဘူး။ အဲဒါကို အများသိအောင် 7Day Daily သတင်းစာမှာ ဖော်ပြပေး စေချင်ပါတယ်။

ACM Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top