ဦးဆန်းဆင့်ကို ယနေ့ရုံးထုတ်မည်
လာဘ်ပေးလာဘ်ယူမှု ဖြင့် တရားစွဲဆိုဖမ်းဆီးခြင်းခံထား ရသော သာသနာရေး ဝန်ကြီး ဟောင်း ဦးဆန်းဆင့်ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော် ဇမ္ဗူသီရိတရားရုံး၌ စတင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံထားရသော ဝန်ကြီးဟောင်း အပါအဝင် ယနေ့ အထိ လွတ်မြောက်လာခြင်းမရှိ သည့် ၎င်း၏ ကိုယ်ရေးအရာရှိပါ ရုံးထုတ်ရာတွင် ပါဝင်လာဖွယ်ရှိ ကြောင်း ဝန်ကြီးဟောင်းနှင့်နီးစပ် သည့် အသိုင်းအဝိုင်းမှ သတင်း ရရှိသည်။
‘‘မနက်ဖြန် (ဇူလိုင် ၃ ရက်) ရုံးထုတ်မယ်လို့ကြားရပါတယ်။ လောလောဆယ်သူ့ကို ဘယ်မှာ ထားတယ်။ ဘယ်လိုစစ်ဆေးမယ် ဆိုတာတော့ မသိရသေးပါဘူး။ သူ့ကိုဖမ်းကတည်းက ပါသွားတဲ့ သူ့ကိုယ်ရေး အရာရှိလည်း ရုံး ထုတ်တဲ့အထဲပါကောင်းပါလာ နိုင်ပါတယ်။ သူက ဒီနေ့အထိ ဘယ်ရောက်နေမှန်းမသိပါဘူး’’ ဟု ဝန်ကြီးဟောင်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
အဆိုပါရုံးထုတ်ရာသို့ သွား ရောက်ရန်အတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လယ်သမား များ၊ ပြည်သူများမှာ နေပြည် တော်သို့ ရောက်ရှိနေပြီး တရား ခွင်သို့ သွားရောက်ရန်စီစဉ်ထား ကြောင်း သတင်းရရှိသည်။
သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် ဘုရားတည်ရာ တွင် နိုင်ငံပိုင်ငွေများ အလွဲသုံးစား ပြုသည်ဟုဆိုကာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉/ ၁၀၉ ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။
ထိုကဲ့သို့ အမှုဖွင့်စစ်ဆေး ခြင်းမှာ အကြောင်းခြင်းရာများစွာ ထဲမှ တစ်ခုသာဖြစ်ပြီး အခြား သော အကြောင်းအရာများကို လည်း စစ်ဆေးနေကြောင်း နိုင်ငံ တော်သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဇွန်လအတွင်း ပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် မီဒီယာ များအား ပြောကြားခဲ့သည်။
ဦးဆန်းဆင့်ကို တရားဥပဒေအရ စစ်ဆေးရာတွင် ပွင့်လင်းမြင်သာစွာပြုလုပ်ရေးနှင့် အမှန်တကယ် ပြစ်မှုကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာ ပြည်သူလူထုအား ထုတ်ပြန်ကြေညာပေးရန်လိုကြောင်း ဦးဆန်းဆင့်ဖမ်းဆီးခံရသည့်ကိစ္စနှင့်ပ တ်သက်၍ ပုသိမ်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သူ ကိုထွန်းထွန်းဦးက ပြောကြားသည်။
ACM Credit To : 7 Day Daily
http://www.ayechanmon-news1.com/
Post a Comment