ပခုက္ကူလေယာဉ်ကွင်းအား နိုင်ငံတကာစင်းလုံးငှားလေယာဉ်ကြီးများ ဆင်းသက်ခွင့်ပြုတော့မည်
အောင်သူ (ဒေးဒရဲ)
ရန်ကုန်၊ ပခုက္ကူလေယာဉ်ကွင်းအား နိုင်ငံတကာ စင်းလုံးငှားလေယာဉ်ကြီး များ ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးဝင်းဆွေထွန်းက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။
ယင်းသို့ဆောင်ရွက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကဲ့သို့ ပုံစံမျိုး မဟုတ်ဘဲ စင်းလုံးငှားလေယာဉ်ကြီးများ ဆင်းသက်နိုင်ရန်အတွက်သာ ဆောင် ရွက်ပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးဝင်းဆွေထွန်းက ''လက်ရှိရှိပြီးသားဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွေ မကြီးထွားသေးခင် နောက်အပြည်ပြည်ဆိုင်ရာလေယာဉ် ကွင်းကို မလုပ်ဘူး''ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားသားခရီးသွားများ မျက်စိကျ သည့် ဒေသများအား တိုက်ရိုက်ဆင်းသက်နိုင်သည့် အပြည်ပြည်ဆိုင်ရာလေ ယာဉ်ကွင်းများရှိပါက ကမ္ဘာလှည့်ခရီးသွားများအတွက် ပိုမိုအဆင်ပြေကြောင်း ခရီးသွားလုပ်ငန်းရှင်များကဆိုသည်။
လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းများအဖြစ်သာ ချဲ့ထွင်ကောင်းချဲ့ထွင်နိုင်သော်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် ကြေ ညာပေးမှုများလည်း ပြုလုပ်မည်မဟုတ်ကြောင်း၊ လက်ခံမှုလည်း ပြုလုပ် သွားမည်မဟုတ်ကြောင်း ဦးဝင်းဆွေထွန်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိလေကြောင်းဝင်ပေါက်သုံးခုဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည် ၂ ဒသမ ၇ သန်းအားလက်ခံနိုင် ပြီး ဒုတိယဝင်ပေါက်ဖြစ်သည့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီး သည်သုံးသန်းလက်ခံနိုင်ပြီး နေပြည်တော်လေဆိပ်မှာ နှစ်အလိုက်အဆင့်များ ခွဲ၍လက်ခံနိုင်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ''ပခုက္ကူလေယာဉ်ကွင်းက အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်းလုပ်မယ်လို့ ပြောသံတွေကြားနေတဲ့အတွက် ကမ္ဘာလှည့် ခရီးသည်ငါးသန်းမကလို့ ခြောက်သန်းဝင်လဲ စိုးရိမ်စရာမရှိဘူး''ဟု ပြောသည်။
ယခုကဲ့သို့ ပခုက္ကူလေယာဉ်ကွင်းအား အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း အဖြစ် ပြုလုပ်မည်ဆိုသည်မှာ ညောင်ဦးလေဆိပ်တွင် လေယာဉ်ကြီးများဆင်း သက်ပါက ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများ ပြိုကျပျက်စီးမည့် အတွက် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ပုဂံအား တိုက်ရိုက်သွားရောက် နိုင်ရေးအတွက် ယခုလိုပြုလုပ်မည်ဆိုသည့်သတင်းများ ကြားနေကြောင်း ယင်း ကဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် လေယာဉ်ကွင်းစုစုပေါင်း ၆၉ကွင်းရှိပြီး ၃၃ကွင်း သည် ပုံမှန်ပျံသန်းဆင်းသက်နေပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် လေးခု သာရှိကြောင်း သိရသည်။
ACM Credit To :Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment