မင်္ဂလာသတို့သမီး၊ သတို့သားဝတ်စုံဝတ်ဆင်၍ စင် မြင့်ပေါ်တွင် ရှိုးလျှောက်ခြင်းသည် ပထမဆုံးအတွေ့အကြုံဖြစ်ပြီး ပရိသတ်အမြင်တွင် ထူးခြားစေ ရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဝမ်းကပြောသည်။
‘‘ဒီပွဲမှာက မနှစ်ကတည်းက ဝင်လျှောက်ဖို့ ပွဲစီစဉ်တဲ့အန်တီ ဒေါ်မြတ်မြတ်ဦးက အစ်မတို့ကို ပြောတာ။ ဒါပေမဲ့ အစ်မကလည်း ရှိုးမလျှောက်ဖြစ်တာကြာပြီဆို တော့ ဝင်မလျှောက်ဖြစ်ဘူး။ ဒီနှစ်ကျတော့ တစ်ယောက်တည်း မဟုတ်ဘူး။ သတို့သား၊ သတို့ သမီးဝတ်စုံနဲ့ နှစ်ယောက်လျှောက် ရမယ်။ ကိုဇာနည်ကိုပြောတော့ လည်း မြန်မာဝတ်စုံနဲ့ဆိုတော့ လျှောက်မယ်ဆိုပြီးပါဝင်ဖြစ်တာ ပါ’’ဟု ၎င်းကပြောသည်။
ယခင်နှစ်များတွင်ပြုလုပ် သည့်ပွဲများ၌ သီချင်းသီဆို၍သာ ပါဝင်ဖြစ်သော်လည်း ယခုနှစ် တွင်မူ ပွဲစီစဉ်သူများက ထူးထူး ခြားခြားတင်ဆက်မှုအနေဖြင့်ပြု လုပ်ရန် တောင်းဆိုခဲ့သောကြောင့် လက်ခံခဲ့ခြင်းဖြစ်သည်ဟု Rဇာ နည်ကပြောသည်။
ယင်းကဲ့သို့ မြန်မာသတို့သား သတို့သမီးဝတ်စုံဝတ်ဆင်ခြင်း သည် ၎င်းတို့နှစ်ဦးအတွက် ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ် ကြိမ်က ကြော်ငြာဓာတ်ပုံရိုက်ရန် ဝတ်ခဲ့ခြင်းဖြစ်ကြောင်း ဝမ်းက ပြောသည်။
‘‘ကိုဇာနည်က အရင်ကလည်းမလျှောက်ဖူးဘူး။ အခုတောင် မြန်မာဝတ်စုံဖြစ်နေလို့ လျှောက်ဖြစ်တာဆိုတော့ တစ်မျိုးတော့ဖြစ်တယ်။ နောက်တစ်ခါ တော့ မလျှောက်တော့ဘူးလို့ပြောတယ်’’ ဟု၎င်းကပြောသည်။
Rဇာနည်နှင့်ဝမ်းတို့ဇနီး မောင်နှံသည် ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်ညများတွင်ပြုလုပ်သော မြန်မာအမျိုးသမီးများနေ့အထိမ်း အမှတ်ဖျော်ဖြေပွဲ၌ မြန်မာ အမျိုးသမီးများ၏ပွဲတက်ဝတ်စုံ ကဏ္ဍတွင် ပါဝင်တင်ဆက်မည်ဖြစ်သည်။
Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment