ဆရာဝန်ဖြစ်ချင်လို့ ဆေးကျောင်းတက်ဖို့ အားခဲထားခဲ့ပေမယ့် ဆယ်တန်းအမှတ်မမီလို့ ဆရာဝန်မဖြစ်တော့ဘူးလို့ ထင်နေတဲ့သူတွေအတွက် ရန်ကုန်မှာ ပုဂ္ဂလိကပိုင် Oxford ဆေးကောလိပ်တစ်ခု ဖွင့်ပါတော့မယ်။ ဒီဆေးကောလိပ်မှာ ဘာတွေသင်မှာလဲ၊ ဘွဲ့ကိစ္စ ဘယ်လိုရှိလဲ။
ဗြိတိန်နိုင်ငံ Business and Technology Education Council – BTEC က ချီးမြှင့်တဲ့ HND အဆင့် Higher National Diploma တန်းမှာတော့ Social Care နဲ့ Public Health ဘာသာရပ်တွေကို ၂နှစ်ခွဲကြာ သင်ကြားပေးမှာမယ့် Oxford Myanmar Medical College ကို ဖွင့်တော့မယ်လို့ ပြောပါတယ်။
ကောလိပ်အဆင့် ၂နှစ်ခွဲပြီးသွားရင်တော့ ပြည်တွင်းမှာပဲဖြစ်ဖြစ် အင်္ဂလန်က ဆေးတက္ကသိုလ်တွေမှာပဲဖြစ်ဖြစ် MBBS ဘွဲကို ၄နှစ်ဆက်တက်နိုင်မှာဖြစ်သလို သြဂုတ်ကျရင် သိမ်ဖြူလမ်းမှာဖွင့်မယ့် Oxford Myanmar ဆေးကောလိပ်မှာ Nursing, Biochemistry, Public Health ဘာသာရပ်တွေလည်း ပါဝင်မယ်လို့ ရှင်းပြပါတယ်။
နာဂစ်ဆိုင်ကလုန်းဖြစ်ပြီးနောက် မြန်မာပြည်ကိုရောက်လာပြီး ကူညီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်အဖွဲ့ကို တွေ့ရပြီးနောက်ပိုင်း ဆရာဝန်တွေကို အုပ်ချုပ်ရေးပညာရပ် သတိထားမိလာလို့ အခုလို စီစဉ်တာဖြစ်တဲ့အကြောင်း ပြောပါတယ်။
Oxford Myanmar ဆေးကောလိပ်ကို တစ်လ ကျောင်းလခ ကျပ် ၃သုံးခွဲပေးရမှာဖြစ်ပြီး အပြင်ကျူရှင်ယူစရာမလိုဘဲ ဆေးပါမောက္ခတွေ၊ ပြည်တွင်းပြည်ပ ဆရာဝန်ကြီးတွေက သင်ကြားမှာဖြစ်တယ်လို့ဆိုပါတယ်။
Aye Chan Mon Credit To: http://www.kamayutmedia.com/
http://www.ayechanmon-news1.com/

Post a Comment