0

ACM Re-Post 4-6-2014

လန်ဒန်မြို့ အနောက်မြောက်ဘက်ရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ Mr Hussain ဟာ ပါကစ္စတန်ကို ပြန်ရင် အသက်အန္တရာယ်ရှိကြောင်း အကြောင်းပြချက် နဲ့ ၁၉၉၁ ခုနစ် ကတည်းက ယူကေနိုင်ငံ မှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

Karachi နယ်မှာ သြဇာကြီးမား ထိန်းသိမ်းထားတဲ့ သူ့ပါတီက အဲဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတွေ အကြား သူ့ထောက်ခံသူတွေကို အေးအေးဆေးဆေး နေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ပါတီခေါင်းဆောင် Altaf Hussain ကို ဖမ်းဆီးလိုက်တာဟာ Karachi မှာ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပေါ်စေမှာကို ပါကစ္စတန် နဲ့ ဗြိတိသျှ အာဏာပိုင်တွေက စိုးရိမ်နေခဲ့ကြပါတယ်။

အဲဒီဒေသရဲ့ အချို့အရပ်တွေမှာ ပစ်ခတ်မှုတွေ ရှိနေတယ် လို့ သတင်းတွေ ထွက်နေပြီး အခြေအနေတွေက တင်းမာနေတယ် လို့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

Aye Chan Mon Credit To:BBC Burmese
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top