ထိုင်ဝမ်တွင်“Golden Melody Global Music Festival ” ကိုနှစ်စဉ်ဇွန်လကုန်ခါနီးတွင်ကျင်းပလေ့ရှိပါသည်။ဒီဂီတဆုပေးပွဲ သည်တရုတ်တေးသီချင်းတွေကိုရွေးချယ်ပြီးသီးသန့်ဆုချီးမြှင့်တာ
ဖြစ်ပါသည်။
တရုတ်ပြည်မ၊ဟောင်ကောင်၊ထိုင်ဝမ်တို့မှတေးသီချင်းတွေအပြင်
မလေးရှား၊စင်ကာပူနိုင်ငံတို့မှသီဆိုဖြန့်ချီထားသောတရုတ်တေး သီချင်းတွေကိုလည်းရွေး
ချယ်ပြီးဆုချီးမြှင့် လေ့ရှိပါသည်။ဇွန်လ၂၈ရက်မှာကျင်းပမဲ့
ဂီတဆုပေးပွဲအတွက်
မီဒီယာတွေနဲ့တွေ့ဆုံခဲ့ပါသည်။မီဒီယာတွေနဲ့တွေ့ဆုံပွဲ
ကိုထိုင်ဝမ်ရဲ့
လူသိများကျော်ကြားသောပေါ့(ပ်)အဆိုတော်Jay Chouတက်ရောက်ခဲ့ပါသည်။သတင်းထောက်တွေ
သည်သူ့အချစ်ရေး၊
အိမ် ထောင်ရေးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေ
ကိုမေးမြန်းခဲ့ကြပါသည်။
Jay Chouကတော့အဲဒီနေ့မှာသူ့ချစ်သူ“Hannah Quinlivan ”နဲ့လက်ထပ်မယ်ဆိုတဲ့အကြောင်းကိုအတည်ပြုပေးခဲ့ပါသည်။ သူ့ချစ်သူသည်သြစတြေးလျ-ထိုင်ဝမ်သွေးနှောသူတစ်ဦးဖြစ်ပါသည်။ သူတို့၏လက်ထပ်ပွဲကို
သြစတြေးလျမှာကျင်းပမယ်လို့သတင်းထုတ်ပြန်ခဲ့ပါသည်။
“ကျွန်တော်၃၅နှစ်မှာလက်ထပ်မယ်လို့တရားဝင်ပြောခဲ့ပါတယ်။
ကျွန်တော်ဒီနှစ်ဇန်န၀ါရီမှာပဲ၃၅နှစ်ပြည့်ခဲ့တယ်။ကျွန်တော်တို့
လက်မထပ်ဖြစ်ခဲ့ဘူး။ဒါပေမဲ့ကျွန်တော်နဲ့ Hannah ကတော့နောက်နှစ်ဇန်န၀ါရီမှာလက်ထပ်မှာပါ။
ကျွန်တော်ပေးထားခဲ့တဲ့ ကတိအတိုင်းပဲပေါ့။”
Jay Chouသည်သူ့ချစ်သူတွင် ကိုယ်ဝန်ရှိနေပြီးဆိုတဲ့ကောလဟလသတင်းကိုလည်း
သတင်းထောက်တွေနဲ့တွေ့ဆုံပွဲမှာ ငြင်းဆိုသွားခဲ့ပါသည်။ဒါပေမဲ့လက်ထပ်ပြီးသွား
ရင်တော့ရင်သွေးချက်ချင်းယူမယ်လို့ပြောသွားခဲ့ပါသည်။
ကလေးစောစော လိုချင်တဲ့အကြောင်းရင်းကတော့သူနဲ့
သူ့ကလေးကြားမှာအသက်အများကြီးမကွာဟချင်လိုပါပဲ။
သက်(ref:Sina)
Aye Chan Mon Credit To: News Watch(စောင့်ကြည့်သတင်းဂျာနယ်)
http://www.ayechanmon-news1.com/
Post a Comment