မြတ်ကျော်သူ၊ ကျော်စွာဝင်း| ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၅ ရက်၊ ၂၀၁၄ ခုနှစ်။
သာသနာရေးဝန်ကြီး အသစ်ခန့်အပ်မည်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ပြောဆိုမှုများသည် အသရေဖျက်မှုနှင့် မငြိစွန်းစေရန် လိုအပ်သည်ဟု ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်က ဇွန် ၂၄ ရက်က သတိပေးပြောကြားလိုက်သည်။ ဦးဆန်းဆင့်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနေရာတွင် သာသနာရေးဒု-၀န်ကြီးဖြစ်သည့် ဦးစိုးဝင်းကို အစားထိုးခန့်အပ်ရန် သမ္မတက ဇွန်၂၀ ရက်တွင် ပြည်သူ့လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ထားသည်။
“လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လွှတ်တော်တွင်း ပြောဆိုဆွေးနွေးမှုများအပေါ် အခြေခံဥပဒေက ကာကွယ်ထားပေမယ့် လွှတ်တော်ပြင်ပ ပြောဆိုမှုများမှာတော့ သာမန်ပြည်သူများလိုပဲ မိမိစကားဟာ အသရေဖျက်မှုလို ကိစ္စမျိုးနဲ့ ငြိစွန်းမှု မရှိအောင်လည်း သတိပြုဖို့ လိုတယ်”ဟု ဦးရဲထွဋ်က မဇ္ဈိမ၏မေးမြန်းချက်ကို အီးမေးဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
ဦးလှဆွေ၏ မဇ္ဈိမကို ပြောကြားချက်များအရ ဦးစိုးဝင်းသည် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် ဦးဆောင် ညွန်ကြားရေးမှူးလုပ်စဉ်က ငွေကြေးအရှုပ်အရှင်းများ ရှိခဲ့သည်ဟုဆိုပြီး ယခုကိစ္စကို “လွှတ်တော်မှာ ကန့်ကွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်က ကြားနေပါ။ သူ့အကြောင်းမေးလို့ ကျွန်တော် သိသလောက်ပြောတာ”ဟု ဆိုသည်။
“အဲ့ဒီလိုကိစ္စမှာ ဦးစိုးဝင်း ပါဝင်ပတ်သက် ကျူးလွန်တာ မရှိကြောင်း စုံစမ်းစစ်ဆေးမှုများ ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်တော့ ဦးလှဆွေ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ သူ့အကြောင်းနဲ့သူ အငြိမ်းစားယူသွားခဲ့ပြီး ဖြစ်ပါတယ်”ဟု ဦးစိုးဝင်း နှင့် ဦးလှဆွေတို့နှင့် ပတ်သက်၍ ဦးရဲထွဋ်က ပြောသည်။
ထို့ပြင် ဦးစိုးဝင်းနှင့်ပတ်သက်သည့် ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို ဦးလှဆွေ၏ မီဒီယာအပေါ် စွပ်စွဲချက်များသည် အမှန်တကယ်ဖြစ်ပါက မသင့်တော်ဟု ဦးရဲထွဋ်က ဆိုသည်။
Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.