အပြုံးနဲ့ရင်ဆိုင်
အကြိမ်ကြိမ်ရဲရင့်ခဲ့ကြတဲ့
သစ္စာဘက်တော်သားတွေပဲ
ဒီတစ်ခါလည်း အောင်ပွဲဆင်ဦးမှာပါ။
အမှန်တရားနဲ့ ရေးထိုးပြီးသား
ရာဇဝင်တွေအတွက်
လေးစားရတဲ့
ပြည်သူပြည်သားအများစုဟာ
တူညီတဲ့အိပ်မက်တစ်ခုကို
မက်နေကြပါတယ်။
ကျွန်တော်တို့
အိပ်မက်တွေမှာတော့
အမေက သမ္မတကြီးပေါ့။
တစ်ကမ္ဘာလုံးက
မျှော်လင့်စောင့်စားနေကြတဲ့
အမေနဲ့ အထိုက်တန်ဆုံးနေရာတစ်ခု။
လူ့သမိုင်းတစ်လျှောက်
တကယ့်လက်တွေ့အောင်မြင်မှုတွေဟာ
အိပ်မက်နဲ့ စိတ်ကူးတွေကပဲ
အစပြုခဲ့ကြတာပါ။
ဆောင်းဦးလှိုင်
အမေစု (၆၉)နှစ်မြောက်မွေးနေ့
ACM Re-Post 19-6-2014
Aye Chan Mon Credit To: Popular Journal
http://www.ayechanmon-news1.com/
Post a Comment