ACM Re-Post 6-6-2014
ထိုင်းနိုင်ငံကို လက်ရှိအာဏာသိမ်းထားသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်၏ အခါတော်ပေးဗေဒင်ဆရာက ဗိုလ်ချုပ်ကြီးပရာယွတ်သည် ထိုင်းနိုင်ငံ၏ နောင်လာမည့် ၀န်ကြီးချုပ်ဖြစ်လာမည်ဟု ဟောကိန်းထုတ်လိုက်ပါသည်။
‘‘အက္ခရာပီနဲ့စတဲ့သူဟာ နိုင်ငံကို ပြန်လည်တည်ထောင်မည့်သူ ဖြစ်လိမ့်မည်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့သူ့ကိုယ်သူ စတေးမယ့်သူ ဖြစ်လိမ့်မယ်’’ဟု ဗေဒင်ဆရာဘာရင် ဘွေဗီယာလတ်က ပြောကြားလိုက်သည်။
ထိုပုဂ္ဂိုလ်မှာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး ပရာယွတ်ဖြစ်သည်ဟု ၎င်းကဆိုသည်။ အဘယ်ကြောင့်ဆိုသော် ပရာယွတ်သည် အတိတ်ဘ၀က ထိုင်းဘုရင် နာရာစွမ်၏ ယုံကြည်ရဆုံးသော စစ်သည်တစ်ဦးဖြစ်ခဲ့သည်။ မပြီးသေးသော တာဝန်ကို ထမ်းဆောင်ရန်ပြန်လည်မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုင်းစစ်တပ် အကြီးအကဲပရာယွတ်သည် မေလ ၂၂ ရက် ထိုင်းစစ်တပ်အာဏာသိမ်းချိန်ကစပြီး ၀န်ကြီးချုပ်တစ်ကဲ့သို့ မအုပ်ချုပ်သေးပေ။ သူက နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကောင်စီကို တည်ထောင်ခဲ့ပြီး ထိုအဖွဲ့ကသာ တိုင်းပြည်ကို အုပ်ချုပ်ရန် အမိန့်ပေးထားသည်။ သူကလာမည့် စက်တင်ဘာလကုန်တွင် စစ်တပ်ကအနားယူမည်ဖြစ်သည်။
ဗေဒင်ဆရာ မစ္စတာဘာရင်သည် ဗိုလ်ချုပ်ကြီးပရာယွတ်သည် အခြားသူကို အစိုးရခေါင်းဆောင်အဖြစ် ရွေးချယ်မည့်အစား သူကိုယ်တိုင် တိုင်းပြည်ကို ဦးဆောင်သင့်သည်ဟု ဆိုပါသည်။
‘‘တခြား တစ်ယောက်ယောက်သာဆို တိုင်းပြည်ပြိုလဲပျက်စီးသွားလိမ့်မည်’’ဟု ဆိုသည်။
ပီဖြင့် နာမည်စသော အခြားသူများကိုမူ ထိုင်းဝန်ကြီးချုပ်ဖြစ်နိုင်ခြေ မရှိဟုသူက ငြင်းဆိုသည်။ သူဆိုလိုသည်မှာ နာမည်တွင် အက္ခရာပီဖြင့်စသည့် ယခင်ကာကွယ်ရေးဝန်ကြီးဟောင်း ပါရာဝတ်ဝန်ဆုဝန်ဖြစ်ပြီး သူ့နာမည်က လပေါင်းစွာတိုင်အောင် ထိပ်တန်းစာရင်းတွင် ရှိနေသူ ဖြစ်သည်။
ဗေဒင်ဆရာမစ္စတာ ဘာရင်မှာ ယခင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်းစွန်သီ၏ ပုံမှန်အခါတော်ပေးဆရာလည်း ဖြစ်ပါသည်။ သူက ဗိုလ်ချုပ်ကြီး စွန်သီ ကာကွယ်ရေးဦးစီးချုပ်ဖြစ်မည်ဟု မှန်ကန်စွာဟောကိန်းထုတ်ခဲ့ရာ စွန်သီက ယုံကြည်အားထားခဲ့သည်။ ထို့နောက် စွန်သီက ၀န်ကြီးချုပ်သက်ဆင်ကို ၂၀၀၆ ခုနှစ်တွင် ဖြုတ်ချခဲ့ပြီးနောက်တွင် သူ့ဆီသို့ ပုံမှန်လာရောက် မေးမြန်းခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်လည်း ထိုဗေဒင်ဆရာ၏ ဖောက်သည်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ယခုအချိန်တွင် အသုံးပြုနေသေးသလား၊ မသုံးသေးသလားဆိုသည်ကိုတော့ သေသေချာချာ မသိရပေ။ ထိုင်းလူမျိုးများသည် မြန်မာလူမျိုးများကဲ့သို့ ဗေဒင်ယတြာကို ယုံကြည်လေ့ရှိပြီး တစ်ခါတစ်ရံတွင် မြန်မာပြည်အထိပင် လာရောက်ပြီး ဗေဒင်ကြည့်လေ့ရှိသည်။
ထိုင်းငြိမ်ဝပ်ပိပြားရေးကောင်စီကို ဦးဆောင်နေသူ ဗိုလ်ချုပ်ကြီးပရာယွတ်မှာ ၀န်ကြီးချုပ်ဖြစ်ချင်စိတ် မရှိဟု ထိုင်းစစ်တပ် ငြိမ်ဝပ်ပိပြားရေးကောင်စီမှာ အကြံပေး နိုပါဒွန်က ပြောကြားသည်။ ထို့အတူစစ်တပ်မှ အခြားဗိုလ်ချုပ်ကြီး အနုပွန်ကလည်း ၀န်ကြီးချုပ်ဖြစ်ချင် စိတ်မရှိပါဟု ဆိုသည်။
ဗိုလ်ချုပ်ကြီးပရာယွတ်ကတော့ သူ့ကိုဒီရာထူးနဲ့ ပြောဆိုနေကြတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်နေတယ်။ သူတို့နှစ်ယောက် စလုံးက ဘယ်တုန်းကမှ ၀န်ကြီးချုပ် မဖြစ်ချင်ကြဘူး’’
ဗိုလ်ချုပ်ကြီး အနုပွန်မှာ ဗိုလ်ချုပ်ကြီး ပရာယွတ်မတိုင်ခင်က ထိုင်းစစ်တပ်၏ အကြီးအကဲကာကွယ်ရေးဦးစီးချုပ်ရာထူးရှိခဲ့သူ ဖြစ်သည်။
(ဘန်ကောက်ပို့စ် သတင်းကို ထားထားမြင့် ဘာသာပြန်ဆိုသည်)
ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး ပရာယွတ် (AFP)
Aye Chan Mon Credit To: 7 DAy Daily
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.