ACM Re-post 16-6-2014
အင်ဒိုနီးရှားနိုင်ငံတွင် ဇွန်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ One Fighting ချန်ပီယံလုပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်းက အီဂျစ်နိုင်ငံသား Salama ကို ပထမအချီ ၁ မိနစ် ၆ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။
မစ်ဒယ်ဝိတ်တန်း ပြိုင်ပွဲတွင် Mahmoud Salama ကို ပထမအချီ မိနစ်ပိုင်းအတွင်း လက်သီးတွဲလုံးများဖြင့် အနိုင်ယူခဲ့ခြင်းလည်း ဖြစ်သည်ဟု ယင်းပြိုင်ပွဲ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အောင်လက ယခုပြိုင်ပွဲတစ်လျှောက် ဝိတ်တန်းအလိုက် အစောဆုံး အနိုင်ရရှိသူ ဖြစ်ပြီး ၎င်း၏နောက်တွင် ဘက်တန်ဝိတ်တန်း ပြိုင်ပွဲမှ Fransino Tirta က ပထမအချီ ၁ မိနစ်နှင့် ၈ စက္ကန့်တွင် Sami Amin ကို အလဲထိုးဖြင့် နိုင်ခဲ့ပြီး ဒုတိယစံချိန်အဖြစ် ရပ်တည်ခဲ့သည်။
“ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲ အနိုင်ရရှိခဲ့ခြင်းဟာ ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုတွေကြောင့်ပါ။ အမေရိကန်ပြန်ပြီး နောက်ပြိုင်ပွဲတွေအတွက် အကောင်းဆုံး လေ့ကျင့်ဦးမှာပါ။ ကျွန်တော့်ကို ထောက်ပံ့ပေးခဲ့သူများနဲ့ ပရိသတ်များ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု အောင်လက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖွင့်ဟ ပြောဆိုထားသည်။
Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment