0

ACM Re-Post 6-6-2014

အဆီပါဝင်မှုနှင့် သကြားပါဝင်မှုများသော အစားအသောက်များကဲ့သို့ ခန္ဓာကိုယ်ရောင်ရမ်းစေနိုင်သည့် အစားအသောက် စားသုံးသူများသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများစွဲမြဲစွာ စားသုံးသူများထက် အသက်တိုနိုင်သည့် အန္တရာယ်ပိုများကြောင်း တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်၏ လေ့လာမှုအသစ်တစ်ရပ်အရ သိရသည်။

ခန္ဓာကိုယ်အနည်းငယ် ရေရှည်ရောင်ရမ်းမှုကြောင့် ကင်ဆာ၊ဆီးချို၊ နှလုံးသွေးကြောဆိုင်ရောဂါတို့အပြင် အသက်သေဆုံးမှုပင်ဖြစ်နိုင်သည်ဟု လေ့လာမှုတွင်ပါဝင်ခဲ့သော ဒေါက်တာဆူဆန်စတက်က ပြောသည်။

ခန္ဓာကိုယ်ရောင်ရမ်းမှုနှင့် ဆက်နွှယ်သည့် အစားအသောက်များ စားသုံးသူများသည် အစာအိမ်အူလမ်းကြောင်းဆိုင်ရာကင်ဆာရောဂါများကြောင့် သေဆုံးနိုင်ခြေလေးဆပိုမြင့်မားကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။ ထို့ကြောင့် ခန္ဓာကိုယ်ရောင်ရမ်းစေနိုင်သော အစားအသောက်ငါးမျိုးကိုဖော်ပြပေးလိုက်သည်။

ဟင်းသီးဟင်းရွက်ဆီ

ဟင်းသီးဟင်းရွက်ဆီများမှာ ကျေလွယ်သောအဆီများဖြစ်သော်လည်း ပြောင်းဖူးနှင့် ပန်းပွင့်မှထုတ်ယူသောအဆီများတွင် အိုမီဂါ (၆) ဖက်တီးအက်စစ်များ အများအပြားပါဝင်ပြီး ခန္ဓာကိုယ်ရောင်ရမ်းမှုနှင့် ဆက်နွှယ်နေသည်။ ယင်းဆီများစားသုံးခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်စေနိုင်သည့် အန္တရာယ်ပိုများလာစေကြောင်း တိုရန်တိုတက္ကသိုလ်မှ သုတေသီများက ပြောသည်။ ဟင်းသီးဟင်းရွက်ဆီများအစား အိုမီဂါ (၃)ကြွယ်ဝသော မုန်ညင်းဆီနှင့် သံလွင်ဆီများ စားသုံးပါ။

အနီရောင်အသား

ကျေညက်ရန်ခက်ခဲသောအဆီများပါဝင်သည့် အသားများစား သုံးခြင်းကြောင့် ခန္ဓာကိုယ်ရောင်ရမ်းမှုကို ကာကွယ်ပေးသည့် HDL ကိုလက်စထရောများ လျော့ကျစေပြီး သွေးကြောများ၏ စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်ကာ သွေးတိုးရောဂါနှင့် နှလုံးရောဂါများဖြစ်စေနိုင်ကြောင်း ဩစတြေးလျသုတေသီများက ပြောသည်။ အနီရောင်အသားများ စားသုံးခြင်းကို လုံးဝရှောင်ရှားစရာမလိုသော်လည်း ယင်းအသားများကို သုံးအောင်စခန့်သာ စားသုံးပါ။

ပြန်လည်သန့်စင်ထားသော ဆန်နှင့် ဂျုံများ

ကွတ်ကီး၊ ပေါင်မုန့်၊ အာလူးကြော်ကဲ့သို့ စားစရာများနှင့် အခြား အသင့်စား စားစရာများစားသုံးခြင်းကြောင့် ခန္ဓာကိုယ်ရောင်ရမ်းစေ သော ပရိုတိန်း (PAI-1) ပါဝင်မှု အဆင့်ကိုမြင့်တက်စေသည်ဟု တိုရန်တိုတက္ကသိုလ်၏ သုတေသနပြုချက်တစ်ခုအရ သိရသည်။

တရုတ်စာ

တရုတ်စာကဲ့သို့ စားစရာများကို တစ်နေ့လျှင် ၅ ဂရမ်ခန့် အများ ဆုံးစားသောက်သူများသည် အနည်းဆုံးစားသောက်သူများထက် ခန္ဓာကိုယ်အလေးချိန် ၃၃ ရာခိုင်နှုန်းပိုများလာနိုင်ကြောင်း မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်၏ လေ့လာမှုတစ်ရပ်အရ သိရသည်။

အချိုရည်များ

တစ်နေ့လျှင် ကိုကာကိုလာနှစ်ဘူးနှင့်ညီမျှသော အချိုရည်များ သောက်သုံးသောလူငယ်များတွင် သီတင်းပတ်သုံးပတ်အတွင်း နှလုံး ရောဂါ၊ လေဖြတ်မှုတို့နှင့် ဆက်နွှယ်သည့် ခန္ဓာကိုယ်ရောင်ရမ်းမှုလက္ခ ဏာတစ်ရပ်ဖြစ်သော ပရိုတိန်းပါဝင်မှုအဆင့်ကို ၁၀၉ ရာခိုင်နှုန်းမြင့် တက်လာစေကြောင်း ဆွစ်ဇာလန်သုတေသီများ၏ လေ့လာမှုတစ်ရပ် အရ သိရသည်။ ယင်းကြောင့် အချိုရည်သောက်သုံးသော အလေ့ အကျင့်ကိုဖျောက်ကာ ရေတွင်သံပရာသီးညှစ်ထည့်၍သောက်ပါ။

—Ref: Internet

Aye Chan Mon Credit To: 7 Day Daily
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
 (5 photos)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top