0

ACM Re-Post 6-6-2014

► ထိုးကွင်းဆေးမင်ကြောင်အစ

ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် ကိုယ့်ဒေသကိုယ့်ယဉ်ကျေး မှုအလိုက်အသွင်ပုံသဏ္ဌာန်ကွဲ ပြားစွာထိုးကွင်းဆေးမင် ကြောင်ရေးထိုးခြင်းအလေ့များ ရှိခဲ့ကြသည်။ဆေး မင်ကြောင် ထိုးကြသည့်ကမ္ဘာပေါ်ရှိ လူမျိုး အသီးသီးမှအများစုသည် အလှ အပရေးရာအတွက် ရေးထိုးကြ သူများဖြစ်ကြသည်။၎င်းထိုး ကွင်းထိုးခြင်းအလေ့ အထ ကို ပေါ် လီနီးရှင်းလူမျိုးများက စတင်ခဲ့ရာကိုယ်ပိုင်လူမျိုး ဘာသာစကားဖြစ်သည့် Ta Tao က Tattoo ဟုဆင်းသက်လာ ကြောင်းသိရသည်။

၎င်းထိုးကွင်း အတတ်ပညာ လက် ရာများကို ဆိုက်ဘေးရီးယားဒေ သရှိ ရေခဲပြင်များအတွင်းမှတူး ဖော်တွေ့ရှိသည့်လူသေအလောင်းများ ကနေအစောဆုံးကာလ ဆေး မင်ကြောင်များအဖြစ်တွေ့ရှိခဲ့ သည်။
လန်ဒန်မြို့ရှိ ဗြိတိသျှ ပြတိုက်မှာဘီစီ၅ရာစုက ပစ္စည်း များအဖြစ် ဆိုက်ဘေးရီးယား ဒေသရှိ Altla လူမျိုးများ၏ ရေခဲသင်္ချိုင်း ပစ္စည်းပြပွဲ
အနေ ဖြင့် လည်းပြ သခဲ့ သည်။ထို့အ ပြင်ဘီစီ၁၅ရာစုနှင့် ရာစု၂ဝ ခန့်ကတည်းက အီဂျစ်နိုင်ငံမှာ ဆေးမင်ကြောင်အတတ်ပညာ စတင်ပေါ်ထွန်းခဲ့သည်ဟုယူဆ ရသောအထောက်အထားများ အဖြစ်ဆေးစိမ်လူသေရုပ်အလောင်း များတွင်အပြာရောင်ဆေးများ
နှင့်ဆေး မင်ကြောင် ထိုးထား ခြင်းများတွေ့ရှိခဲ့သည်။

ဆေးမင်ကြောင် ရေးထိုး ကြခြင်းများတွင် အမှတ်အသား အဖြစ်ရေး ထိုးခြင်း၊အလှအပ အဖြစ်ရေးထိုးခြင်း၊ စွဲလမ်းစိတ် အခြေခံ၍ အဆောင်သဘော မျိုးထိုးခြင်းနှင့် ထုံးတမ်း အစဉ် အလာအရရေး ထိုးခြင်းတို့ပင် ဖြစ် သည်။အပျော်တမ်း အလှအပအ တွက်သာဗြိတိသျှလူမျိုး များကရေးထိုးကြသလို ” ဟေ့ဆောင်း” စစ်ပွဲအပြီးမှာကျ ဆုံးခဲ့သူ ဟာ ရိုက်ဘုရင်ကြီး၏ ခန္ဓာကိုယ်ပေါ်ကနှလုံးသားတည့်တည့်နေရာတွင် အက်ဒစ်သ (Edith) ဆိုပြီးစာသား ရေးထိုးထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သည့်နောက် တွင် ဝေလမင်းသားဘဝကတည်းက တစ်ကိုယ် လုံး ဆေးမင်ကြောင်ထိုးခဲ့သည့်သတ္တမမြောက် အက်ဒွပ်ဘုရင်၊
ခန္ဓာကိုယ်ပေါ်တွင် နဂါးရုပ်၊ လိပ်ပြာရုပ်များ ရေး ထိုးခဲ့ သည့် ပဉ္စမမြောက် ဂျော့ဘုရင် နှင့်စစ်သေနာပတိ ဟောင်းကြီး မောင့်ဂိုမာရီတို့
အပြင် ဆေးထိုးရုပ်ပြခန်းကြီးဟု ချီးမွမ်းထောမနာပြုရသည့် ခန္ဓာကိုယ်ပေါ် တွင် ဆေး မင်ကြောင် ၊ဆေးရောင်စုံ အရုပ်များရေးထိုးခဲ့သည့်
ဒိန်းမတ်ဘုရင်ကြီး ဖရက်ဒရစ်တို့သည်ဆေးမင်ကြောင်ချစ်သူ များပင်ဖြစ်ကြောင်းဖတ်ရှုသိရှိ ရသည်။

ဆေးမင်ကြောင်ထိုးခြင်း အလေ့အထကိုအနုပညာရပ်သဘောဆန်လွန်းသည်ဟု ဂျပန်လူမျိုးများက ဆိုကြပြီး ရိုးရာဓလေ့နှင့်ရှေးဟောင်း သမိုင်းဝင် ဇာတ်ကောင် များ၏ ပုံသဏ္ဌာန်မျိုးစုံပါရှိသည့် အရုပ်များအဖြစ် လူစွမ်းကောင်း ပုံ၊ဘီလူး ရုပ်ကြီးများ၊နဂါးရုပ်ကြီးများ၊သစ်ပင်ပုံ၊ပန်းနှင့်ငါးပုံ များပါရေ ထိုးလေ့ရှိသည်။

၁၉ရာစုက ဂျပန်နိုင်ငံ တွင် ဆေးမင်ကြောင်ရေးထိုးခြင်းအလေ့အထကို ဥပဒေချမှတ်၍ ပိတ်ပင်တားဆီးခဲ့သော်လည်း ကွယ်ပျောက်သွားခြင်းမရှိခဲ့ပေ။

ဒုတိယကမ္ဘာစစ်အတွင်း၌ နာဇီစစ်အကျဉ်းသားအား လုံးထဲမှခန္ဓာကိုယ်ပေါ်တွင် ဆေးမင်ကြောင်အရုပ်များ လှပ စွာရေးထိုးခဲ့ကြသူများကို အကျဉ်း စခန်းအရာရှိများ ကမီး အိမ်အုပ် ဆောင်းလုပ်ရန်အကြောင်းပြ ချက်ဖြင့်အကျဉ်း သားရင်ဘတ် နှင့်ကျောပြင်ရှိဆေးမင်ကြောင် များထိုးကွင်းအရေခွံများ
လှီးခွာ ယူကာ ရက်စက်မှု ပြုလုပ် ခဲ့ကြ ရာ ဆေးမင်ကြောင်မရေးထိုးထားသူ အကျဉ်းသားများထက်ဘဝကံကြမ္မာဆိုးခဲ့ကြသည်ဟုဆို၏။

ဆေးမင်ကြောင်ထိုးခြင်း အလေ့ကိုတင်ပါးပေါ်တွင် ရေး ထိုးခြင်း အမှုပြု သူများမှာ မလေးရှား လူမျိုးများဖြစ်သည်။ လှပဆန်းကြယ်သည့် ပန်း ကနုတ်ဒီဇိုင်းများ၊အကွက်အဆင် များသာဖြစ်ကြသည်။ လူလား မြောက်သည့် အထိမ်းအမှတ် အနေဖြင့်ဖော်မိုဆာကျွန်းမြောက်ပိုင်းနေ ” တေးရဲလ်” လူမျိုး လူငယ်များက နဖူးပြင်ပေါ်တွင် ဆေးမင်ကြောင်ရေးထိုးကြ သည်ဟုဆို၏။

ဆေးမင်ကြောင်ရေးထိုး ခြင်း အလေ့အပြင် ထိုးကွင်းထိုး သောဓလေ့များသည် ဥရောပ တိုက်အတွင်းက ဂျာမန်လူမျိုး၊ ဂေါလလူမျိုးများနှင့် အင်္ဂလန် ကျွန်း သား တိုင်း ရင်းသားများ အကြောင်းရှိခဲ့သလိုရေကြောင်း ခရီးနှင်ကာနယ်ပယ်သစ် ရှာဖွေ ခဲ့ကြသည့် စပိန်လူမျိုးများ၏ တွေ့မြင်ခဲ့သောမှတ်ချက်ပြု ပြော စကားအ ရမြောက် အမေရိက တိုက်ရှိပီရူးနိုင်ငံ၊မက္ကဆီကို နိုင်ငံများက တိုင်းရင်း သားလူမျိုးများတွင်လည်းထိုးကွင်း ထိုးခြင်းအလေ့များရှိခဲ့ သည်ဟု ဖတ်ရှုသိရှိရသည်။

ထိုနည်းတူ စွာပင်ကလေးအရွယ်ကပင် ထိုးကွင်းထိုးလေ့ရှိကြသော မြောက် အမေရိကမှအင်ဒီးယန်းလူ မျိုးများ၊ ယောက်ျားရော မိန်းမပါ ဆေးမင် ရည်ထိုးကြသည့် ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်းများပေါ်ကပေါ်နီးရှင်း လူမျိုး များ၊ မာအိုရီလူမျိုးများနှင့် မာကေဆံကျွန်းသားများ၊ ဆေးနီ ဆေးနက်ပြာတို့ဖြင့် ခန္ဓာကိုယ် ပေါ် တွင်ဆေး မင်ကြော င်ရေ ထိုးအလှပြင်ဆင်ကြသည့် အက်ဒမီရယ်လတီကျွန်း၊ ဖီဂျီ ကျွန်းနှင့်လျူကျူကျွန်းတို့မှ ကျွန်းသူများတို့သည် အစဉ်အ လာအရ ပင်ဖြစ်စေအလှပြင်ဆင် မှု အနေဖြင့်ဖြ စ်စေထိုးကွင်း ဆေးမင်ကြောင်ရေးထိုးကြသည့် အ လေ့အထပြုလုပ်ခဲ့ကြပေသည်။

ထိုထက်တစ်မူထူးခြားသည်က မျက်နှာနှင့်ရင်ဘတ်တို့တွင် ဆေး မင်ကြောင်ရေး ထိုးပြီး မှသာ အိမ်ထောင်ပြုခွင့်ရှိကြသော ဆော်လမွန်ကျွန်းသူမိန်းက လေးများ၏ ဓလေ့နှင့် မျက်နှာ ကိုချန်လှပ်၍တစ်ကိုယ်လုံး ဆေး မင်ကြောင်အနှံ့ရေးထိုးကာ မင်္ဂလာပွဲ ကျင်းပချိန်မှသာလျှင် မျက်နှာဆေးမင်ရည်စုတ် ထိုးကြရသည့် နယူဂီနီကျွန်းရှိ ပါပူအန်အမျိုးသမီးများ၏ ဓလေ့တို့ပင်ဖြစ်သည်။ ထိုကဲ့သို့ ကမ္ဘာပေါ်ရှိလူအများက စိတ် ဝင်စားလာခြင်းခံရသည့် ဆေး မင်ကြောင် ထိုးကွင်းပညာသည် လီယိုနာဒိုဒါဗင်ချီ၏ပန်းချီ အနု ပညာလက် ရာကောင်းဖြစ်သော ” ခရစ်တော်အားလက် ဝါးကပ်တိုင် တင်ခြင်း” ပန်းချီကားမှာ ဒီဗား၏ကျော်တွင်ရေးထိုး သည့်ပန်းချီကားမည်၍
” ခရစ်တော်၏ ညစာ” သည်ကား ဇနီးသည်ကျောပြင်မှာရေးထိုး
သည့်ပန်းချီကား မည် ခဲ့ ကြောင်း ဖတ်ရှုသိရှိရသည်။

► မြန်မာ့ထိုးကွင်း ဆေးမင်ကြောင်

ပုဂံခေတ်က ထိုးကွင်းမင် ကြောင်ကို မင်သေ့၊ ကော်၊ ကော်ရစ်၊ မင်ကော်ရစ်စသည် ဖြင့်ခေါ်တွင်ပြီး ၄င်းခေတ် အဆောက်အအုံနံရံပေါ်က မင်စာအရေးအ သားပါ ရှိေ သာ ကျောက်စာချပ်ထဲက ပန်းသေ့ ဆိုသော
စကား၏ အတတ်ပညာ ရပ် အဓိပ္ပာယ်ဖွင့်ဆိုချက်လည်း ဖြစ်သည်။

အရည်ကြီးများက အနော်ရထာမင်းလက်ထက် မတိုင်ခင် ထိုးကွင်းမင်ကြောင် များစတင်ခဲ့သည်ဟုလှေသင်း မင်းရေးတဇ္ဇတ္ထဒီပနီတွင်ထည့် သွင်းရေး သားထားကြောင်း သိရပြီးလူများ၏အရည်ပြား ပေါ်၌ ဂါထာမန္တရား များနှင့် အင်းကွက်များထိုးခြင်း အလေ့ ဖြင့်စတင်ခဲ့ကြောင်းသိရ သည်။ ထိုမှတစ်ဆင့်သိကြားရုပ်၊ နတ်ရုပ်၊ ဘီလူးရုပ်၊ ဒေါင်းနှင့် ယုန်ရုပ် များရေးထိုးလာကြ သည်ဟု သိရသည်။

မြန်မာတို့၏ ထိုးကွင်းမင် ကြောင်ကိုစတင်ခဲ့သူမှာ ဘိုးတော် ဘုရားလက်ထက် (၁၁၄၃-၁၁၈၁)ထောင်မင်းကြီး ၏ သားတော် မောင်ကံဖြစ်ပြီး ခါးကစ၍ဒူး အထိ ပေါင်နှစ် ဖက် စလုံးပြည့်အောင်ပေါင်တွင် မင်ဖြင့် အကွက်အဆင်း ကျားပုံ ဖော်ရေးထိုးအပ်သောမင် ကြောင်ဆေး ရေးအတတ်ပညာ သုံးကာရေးထိုးခဲ့သည်ဟုဆို ထား၏။

မဏိ ရတနာပုံကျမ်း တွင် အင်းဝခေတ်ဆင်ဖြူရှင် သီဟသူ (၇၈၃-၇၈၇)သည် မင် သေ့ ထိုးခြင်းကို နှစ်သက် မြတ်နိုးပုံနှင့်ဟံသာဝတီ ဆင်ဖြူ ရှင်မင်းတရား (၉၁၂-၉၄၃)က လည်းသံကြီးတံမန်ကြီးမျာက ပါ မြတ်နိုးဂုဏ်ယူကြောင်းဆို ထား၏။ထို့နောက် ထိုးကွင်း ဆေးမင်ကြောင်များသည် မင်းဆွေမင်းမျိုးများ ကနေ ပြည်သူပြည်သူများအထိပါ အလှအပသရုပ်ဖော် အတတ်ပ ညာတစ်ခုအနေဖြင့် ကျယ် ပြန့်စွာ ခေတ်စားလာခဲ့သည်။

ခေတ်အဆက်ဆက်စာဆို ကျမ်း ပြုသူများက စာအလင်္ကာချိုး ကာမှတ် တမ်း တင်ခဲ့ကြသည်ကို လည်းဖတ်ရှုသိရှိရသည်။ မြန်မာ့ဆေးမင်ကြောင်အရုပ် များတွင်ဆင်ရုပ်၊ ကနုတ်နှင့် ကပီတို့ သာ ရေးထိုးလေ့ရှိကြပြီး မိန်းမသား ရုပ်ရေးထိုးခြင်း မရှိ ခဲ့ပေ။

မြန်မာထိုးကွင်းဆေးမင် ကြောင်ရေးထိုးရာတွင် အထက် ဆေး၃မျိုး (ဘုရားဆေး၊ သကြားနတ်ဗြဟ္မာဆေး၊ ဝိဇ္ဇာ ဆေး)နှင့် အောက်ဆေး၂မျိုး (ကာယသိဒ္ဓိဆေး၊ ပီယ သိဒ္ဓိ ဆေး)ဟူ၍ရှိပြီး မျက်နှာ တွင်ထိုးနှံခြင်း၊ ခါးအထက်တွင် ထိုးနှံခြင်းနှင့် ခါးအောက်တွင် ထိုးနှံခြင်းဆိုသောမင်ကြောင် သုံးမျိုးရေးထိုးနည်းများ ရှိ ပေသည်။

ဟင်္သ ပဒါးနှင့်မှိုင်း တို့ကိုအရည်ဖျော်ပြီးလူ့ခန္ဓာ ကိုယ်ပေါ်ရှိအရည်ပြားပေါ် တွင် စုတ်နှင့်ထိုး၍ရေးဆွဲသော အတတ်ပညာရပ်ကား ထိုးကွင်း မင်ကြောင် ထိုးခြင်းပင်ဖြစ် သည်။ ထိုမှ တစ်ဆင့် ဥရောပ၌ ၁၈၉၁ခုနှစ်ကပေါ်ပေါက်ခဲ့ သည့်ဓာတ်ခဲမှရရှိသောလျှပ် စစ်ဓာတ်အားဖြင့် ဆေးထိုး အပ်ကို လှုပ်ရှားစေပြီး ဘက်ထ ရီအပ်နှင့်ရေးထိုး သည့် သိပ္ပံခေတ် ထိုးကွင်းမင်ကြောင်အတတ် ပညာသည် ၁၉၅၅ခုနှစ်မှာ မြန်မာနိုင်ငံသို့ ရောက်ရှိကာ ပြန့်ပွားလာခဲ့သည်။

ထို မြန်မာ ထိုးကွင်းဆေးမင်ကြောင် များအနက်မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများထဲက ချင်းအမျိုးသမီးများ၏မျက်နှာပြင် တွင်ရေးထိုးအပ် သည့်ပါးရဲထိုးခြင်း အတတ် ပညာသည် လည်း ထိုးကွင်းဆေးမင်ကြောင် အတတ်ပညာတစ်ခုဖြစ်သလို လူသိထင်ရှားပေသည်။မြန်မာ လူမျိုးတို့ သည်ထိုးကွင်းဆေး မင်ကြောင်ရေး ထိုးခြင်းအမူကို ယောက်ျားပီသမှု၊
ခန္ဓာကိုယ် အလှအပတန်ဆာဆင်မှု၊ ဂုဏ်ယူမြတ်နိုးမှုစ သဖြင့် ရေးထိုးခြင်းအလေ့ပြုခဲ့ကြရာ ရိုးရာယဉ်ကျေးမှုပွဲတော်များ၊
လှေသဘင် ပွဲတော်၊ခြင် လုံးခတ် ခြင်းတို့တွင်အများဆုံးမြင်
တွေ့ရသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ထိုးကွင်း ဆေးမင်ကြောင်ရေးထိုးမှုကို တားဆီးပိတ်ပင်ခဲ့ သဖြင့် မှေးမှိန်ပျောက် ကွယ်လုဖြစ်ခဲ့ သော်လည်း လူ့ယဉ်ကျေးမှု အလှတရားခေတ်ရေစီးနှင့် အတူ Tattoo ရေးထိုးခြင်း အတတ်ပညာအလှပုံရိပ်များ ကား လူငယ်တို့၏ ရင်ခုန်သံတစ်ခုနှယ် ဆက်လက်ရှင်သန်နေ ပေသည်။မြန်မာနိုင်ငံ တွင် ၂ဝဝဝ ခုနှစ်မှစ ၍တက်တူး (Tattoo)အတတ်ပညာရပ် သည် လူငယ်ထုကြား ၌မိမိတို့ကိုယ်တိုင် ရူးသွပ်စွဲမက်ကြ သည့်နိုင်ငံ့ခေါင်း ဆောင်ပုံများ၊ အနုပ ညာရှင်ပုံများ၊ ဂီတ အမှတ်တံဆိပ်များ ကိုသာလူ့ခန္ဓာ ကိုယ် ပေါ်တွင် အများဆုံး ရေးဆွဲ ပုံဖော်မှုအ ဖြစ်ယနေ့အထိလူ့အဖွဲ့အ စည်း အတွင်းမှာခေတ်စား ရှင်သန်နေသည်ကို မြင်တွေ့နေ ရပေတော့သည်။

လင်းထိပ်သျှင်
http://www.popularmyanmar.com/

(ရည်ညွှန်း-မြန်မာ့ဆိုရှယ်လစ်လမ်း
စဉ်ပါတီထုတ်တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှုဓလေ့ထုံးစံများ၊
ဆင်ဖြူကျွန်းအောင်သိန်း၏မြန်မာ့ ထိုးကွင်းမင်ကြောင်ဓလေ့)

Aye Chan Mon Credit To: Popular Journal
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top