ACM Re-Post 6-6-2014
ရက်ချာဘူရီ- ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့်ရောက်ရှိလာပြီး ပြည်နယ်ခန်းမရုံးများတွင် ပိုက်ဆံတောင်းခံနေသော တရုတ်နိုင်ငံသားသူဖုန်းစားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်သည်။
ကျန်ဇင်ဟောင်းသည် သူဖုန်းစားအသွင်ယူထားပြီး ကနဦးစစ်ဆေးမှုများတွင် ၎င်း၏ မှတ်ပုံတင်နှင့် စာရွက်စာတမ်းများကို ပြသရန်ငြင်းဆန်ခဲ့သည်။ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးမေးမြန်းရာ ၎င်းမှာ တရုတ်နိုင်ငံဟူဘေးပြည်နယ်မှဖြစ်ပြီး ထိုင်းနိုင်ငံသို့ ခြောက်ကြိမ်လာရောက်ခဲ့ပြီးဖြစ်ကာ ရက်ချာဘူရီပြည်နယ်လည်း ပါဝင်သည်ဟု စကားပြန်မှတစ်ဆင့် ပြောကြားသည်။
ထိုင်းနိုင်ငံသို့လာရောက်သော ယခင်ခရီးစဉ်များကပင် သူဖုန်းစားအဖြစ် စားသောက်ဆိုင်များ၊ ဈေးဆိုင်များနှင့် အခြားနေရာများတွင် ပိုက်ဆံတောင်းခံ ပြီး ယခုတစ်ကြိမ်တွင် ပြည်နယ်ခန်းမ၌ ပိုက်ဆံတောင်းရန်ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
အသက် (၃၆)နှစ်အရွယ် တရုတ်နိုင်ငံသားက စကားမပြောတတ်သူတစ်ဦးအဖြစ်ဟန်ဆောင်ကာ စာတန်းတစ်ခုကိုင်ဆောင်ပြီး ပိုက်ဆံတောင်းခြင်းဖြစ် သည်။ စာတန်းမှာ ထိုင်းဘာသာဖြင့်ရေးသားထားပြီး ၎င်းတို့အိမ်မီးလောင်၍ ဇနီးသည်သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သောကြောင်း ပိုက်ဆံလိုနေကြောင်း ဖော်ပြထားသည်။
မစ္စတာကျန်ကို ပြည်နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးထားပြီး ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ခြင်းဖြင့် တရားရင်ဆိုင်ရမည်ဟု ပြည်နယ်အုပ်ချုပ်ရေး မှူး နီဆစ်ချန်သွမ်ဝေါင်က ကြိမ်းဝါးထားသည်။
အများအားဖြင့် ခရီးသွားဗီဇာများဖြင့်လာရောက်သော နိုင်ငံခြားသူဖုန်းစားများကို နှိမ်နင်းသွားမည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဇန်နဝါရီလက ပြောကြားသည်။ ယင်းပုဂ္ဂိုလ်အများစုမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ လာရောက်ကြပြီး ထိုင်းအရှေ့မြောက်ပိုင်းသို့ ဦးစားပေး သွားရောက်ကြသည်။
—Ref: Bangkokpost
တရုတ်နိုင်ငံသား ကျန်ဇင်ဟောင်းအား ပိုက်ဆံတောင်းရာတွင် ပြသည့် စာရွက်နှင့်အတူ တွေ့ရစဉ် (Photo by Saichol Ochakajon)
Aye Chan Mon Credit To: 7 Day Daily
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.