0

ACM Re-Post 2-6-2014
Written by: သားရွှေဦး

လွန်ခဲ့သည့် မေလ ဒုတိယအပတ်မှ စတင်ကာ မကြာခဏ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ ပစ်ခတ်မှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်းနှင့် ပုံမှန်ပို့ကုန်၊ သွင်းကုန်ပိုင်းများအား ဆောင်ရွက်လျက်ရှိကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးညွှန်ကြားရေးမှူးရုံးမှ သတင်းရရှိသည်။

“နယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုမရှိသလို ကုန်သွယ်ရေးလည်း ကျဆင်းတာ မရှိခဲ့ဘူး။ မေလအတွင်း ကုန်သွယ်ရေး ပုံမှန်ဆောင်ရွက်နိုင်ခဲ့တယ်။

မေလရဲ့ ကုန်သွယ်ရေးလျာထားချက်တောင် ကျော်အောင်လုပ်နိုင်ခဲ့တယ်။ လက်ရှိမှာ ပုံမှန်တင်ပို့ကုန်တွေ၊ သွင်းကုန်တွေ ရှိနေပြီးတော့ ရေငန်ပုစွန်တင်ပို့မှုတောင် ရှိခဲ့တယ်။ နောက်ပြီး ကုန်သည်တွေ တစ်ဖက်နဲ့တစ်ဖက် သွားလာမှုတွေလည်း ပုံမှန်ရှိနေတယ်” ဟု မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလအတွင်း မောင်တောနယ်စပ် ကုန်သွယ်ရေးမှ ဆန်အများဆုံး တင်ပို့နိုင်ခဲ့ပြီး ငါးခြောက်၊ ၀ါး၊ ကြိမ်၊ သနပ်ခါးခဲ၊ ဖိနပ်နှင့် ရေငန်ပုစွန်တို့ကို တင်ပို့နိုခဲ့ကြောင်းနှင့် ဧပြီလအတွင်းကလည်း ဒေါ်လာလေးသိန်းသုံးသောင်းကျော်ဖိုး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လျာထားချက်၏ ၁၀၅ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် မေလ၏ ကုန်သွယ်မှုလျာထားချက်မှာ ဒေါ်လာငါးသိန်းသုံးသောင်းကျော်ဖြစ်ပြီး ကုန်သွယ်မှုအနေဖြင့် ငါးသိန်းခြောက်သောင်းကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၁၀၇ ရာခိုင်နှုန်းထိ တိုးတက်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် ခုနစ်ရက်နှင့် နေ့ချင်းပြန်သွားသူများမှာလည်း တိုက်ပွဲအခြေအနေများကြောင့် သိသိသာသာ ကျဆင်းသွားခြင်း မရှိကြောင်းလည်း သိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်းနယ်မြေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် မေလတစ်လတည်း၌ ပစ်ခတ်မှုလေးကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး အကျအဆုံးများ ရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သို့တင်ပို့မည့် ဆန်များကို မောင်တောနယ်စပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်)

Aye Chan Mon Credit To:Eleven Media Group
https://www.facebook.com/excellencemedia
ayechanmon-news1.com
3

Post a Comment

 
Top