ဟိန်းကိုစိုး| ACM Re-Post 3-6-2014
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို နှစ်လထပ်တိုး၍ ကျန်ရှိနေသည့် ရခိုင်ပြည်နယ်အတွင်း နေထိုင်သော ဘင်္ဂါလီများအား စာရင်းကောက်ယူရန် စီစဉ်ထားသော်လည်း သတ်မှတ်ချိန်ကုန်ဆုံးရန် ရက်သတ္တပတ် တစ်ပတ်အလို အထိညှိနှိုင်း၍မရသေးဟု သန်းခေါင်စာရင်း ဗဟိုကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင် ကမဇ္ဈိမကို ဇွန်လ ၂ ရက်တွင် ပြောသည်။
“သူတို့ကို ဒီကာလမှာ တစ်အိမ်တက်ဆင်းလုပ်ပြီး ကောက်တော့တာ မဟုတ်ဘူး။ လူမျိုးနဲ့အမည်ကို စာရင်း လာပေးချင်တဲ့သူ တွေပေးတာကိုပဲကောက်နေတယ်။ ညှိနှိုင်းမှုတွေကို လုပ်ခဲ့ပြီးပေမယ့် မရခဲ့ဘူး” ဟု ၎င်း က ဆိုသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းအရ ဘင်္ဂါလီဦးရေ ဆယ် သိန်းငါးထောင် ရှိသည့်ရခိုင်ပြည်နယ်အတွင်းတွင်
လ၀က၀န်ကြီး ဦးခင်ရီကိုယ်တိုင် ဘင်္ဂါလီများနှင့် မေလဒုတိယပတ်အတွင်း သွား ရောက်ညှိနှိုင်းခဲ့သော် လည်း ပြေလည်မှု မရသေးခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်းသံတွဲနှင့် ကျောက်ဖြူခရိုင်၌သာ ဘင်္ဂါလီ စာရင်း ကောက်ခံနိုင်ခဲ့ပြီး ကျန်ရှိသည့် စစ်တွေ၊ မောင်တော၊ မြောက်ဦး ခရိုင်သုံးခု၌မူ မဆောင်ရွက်နိုင် သေးပေ။
ထို့ပြင် ကချင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသည့် ကချင်လွတ်မြောက် ရေး တပ်မတော် (ကေအိုင်အေ)ထိန်းချုပ်နယ်မြေအတွ
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ် ၃၁ ရက်မှ ဧပြီ ၁၀ ရက်အထိကောက် ခံခဲ့ခြင်းဖြစ်သည်။ ထို့ နောက် ကျန်ရှိနေသည့် နေရာများတွင် ကောက်ခံနိုင်ရန် ရက်သတ္တပတ် ခြောက်ပတ်မှ ရှစ်ပတ် ထပ်တိုး ဆောင်ရွက်နေ ခြင်းဖြစ်သည်။
ရှေ့ပြေးလူဦးရေစာရင်းကို ယခုနှစ် သြဂုတ်လအတွင်းထုတ်ပြန်ရန် (လ၀က) က စီစဉ်ထားပြီး ကျန်ရှိသည့် ဒေသနှင့် ခန့်မှန်းလူဦးရေကို တစ်ပါတည်း ကြေညာသွားရန် စီစဉ်ထားသည်ဟု ဗဟိုသန်းခေါင် စာရင်း ကော်မရှင် အတွင်းရေးမှူးက မဇ္ဈိမကို ပြောသည်။
Aye Chan Mon Credit To : Mizzima - News in Burmese
https://www.facebook.com/
http://
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.