ပြည်သူပိုင်သိမ်းဆည်း ထားသော အိမ်ရာတိုက်ခန်းများ ကို နိုင်ငံတော်က ထုခွဲရောင်းချရာ တွင် မူလပိုင်ရှင်ကိုဦးစားပေးဝယ် ယူခွင့်ပြုသည်ဟုအစိုးရအဖွဲ့က ဆိုသော်လည်း ငွေပိုပေးနိုင်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများ
‘‘ဈေးတူပေးနိုင်ရင်တော့ ရ ပါတယ်။ ဒါပေမဲ့အစိုးရနဲ့နီးစပ်သူ တွေက မေးခွန်းကြိုပေါက်တော့မူ လပိုင်ရှင်က ဘယ်လိုမှ မယှဉ်နိုင် ဘူး’’ဟု အစိုးရလေလံပွဲများကိုဝင် ရောက်ယှဉ်ပြိုင်နေသောဆောက် လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ပြည်သူပိုင်သိမ်းအခန်းများ မူလသက်ဆိုင်သူများ တောင်းခံမှုကို နိုင်ငံတော်သမ္မတက ဥပဒေအရ လွှဲပြောင်းပေးရန် မရှိကြောင်း သမ၀ါယမ ၀န်ကြီး ဌာနဒုတိယ၀န်ကြီးဦးသန်းထွန်း ကပြည်သူ့လွှတ်တော်တွင် ပြော ကြားခဲ့သည်။ အိမ်ရာစီမံကိန်း များ၊ အဆောက်အအုံများကို စီမံ ခန့်ခွဲမှုကော်မတီမှ လုပ်ထုံးလုပ် နည်းဥပဒေနှင့်အညီရောင်းချရာ တွင် မူလသက်ဆိုင်သူ၊ပိုင်ဆိုင်သူ ကိုသာဦးစားပေး ၀ယ်ယူခွင့်ပြု မည်ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် အဆောက် အအုံများ ပြည်သူပိုင်သိမ်းပြီး နောက် ပြည်လည်ရယူလိုမှုဖြင့်အ စိုးရထံလျှောက်ထားပါက မဆလ ခေတ်တွင်ပြန်ရရှိမှုများရှိခဲ့သည
မြန်မာနိုင်ငံတွင် ငွေကြေးခ ၀ါချမှုများ ပြုလုပ်နိုင်ရန် ၂၀၀၇ နှစ်လယ်ပိုင်းမှစတင်၍ အိမ်ခြံ မြေအခွန်သက်သာသည့်စနစ်ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေကိုပြ ဋ္ဌာန်းပြီးငါးနှစ်ကြာကာလအတွင်း အိမ်ခြံမြေဈေးများမှာအဆပေါင်း များစွာ မြင့်တက်ခဲ့သည်။ ထို့ ကြောင့် ပုဂ္ဂလိကပိုင် ပြောင်းလဲ ရေးကိုစတင်ချိန်တွင် ပြည်သူပိုင် အသိမ်းခံထားရသူများသည် မိမိ ပိုင်ဆိုင်သော အိမ်မြေတိုက်ခန်း များကို ၀ယ်ယူနိုင်ခြင်းမရှိတော့ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။
Aye Chan Mon Credit To: 7 Day Daily
http://
Post a Comment