0
ဗြိတိန်နိုင်ငံရှိ အသက်(၆၄)နှစ်အရွယ် Peter Rolfe ဟာ ဝင်ငွေရှိသော အလုပ်အကိုင် လုပ်ကိုင်ခြင်းမရှိပေမယ့် သူယူထားခဲ့သော မိန်းမ(၁၅)ယောက်မှ ကလေး(၂၆)ယောက်ရှိသူပါ။

သူ့ရဲ့ ကလေး(၂၆)ယောက်တွင် ယောက်ျားလေး(၁၂)ယောက် နှင့် မိန်းကလေး (၁၄)ယောက်ဖြစ်ကြောင်း သိရသည်။

သူနှင့် သူ့မိသားစုအား Newport က အိပ်ခန်းလေးခန်းပါရှိသော အိမ်ဖြင့် အစိုးရက နေထိုင်ခွင့်ပေးထားပေမယ့် သူက သူ့မိသားစုအကြီးကြီးနှင့် ထိုအိမ်ကလေးထဲနေရတာဟာ အချုပ်ခန်းထဲ နေရသလိုပဲဟု စောဒကတက်၍ အခန်းခြောက်ခန်းပါသော အိမ်ကို ၎င်းတို့အား နေထိုင်ခွင့်ပေးဖို့ တောင်းဆိုထားကြောင်း သိရသည်။

သူဟာ အလုပ်အကိုင်မရှိပေမယ့် ပြီးခဲ့တဲ့ နှစ်(၂၀)အတွင်း၌ြှဗိတိန်အခွန်ထမ်းတွေဆီက စတာလင်ပေါင် ငါးသိန်းအား အစိုးရထံမှ ထောက်ပံ့ငွေရရှိခဲ့သူပါ။

သူကတော့ သူ့ကိုစိတ်ဝင်စားတဲ့ မိန်းမတွေဟာ သူ့တို့လက်ထဲ ရောက်သွားတဲ့သူ့ကို ပြောင်းလဲပစ်ခဲ့တာဖြစ်ကြောင်း ၊ ဘယ်လိုပြောင်းလဲပစ်သလဲဆို ကိုယ်ဝန်ရှိခြင်းနဲ့ ပြောင်းလဲပစ်ခဲ့တာဖြစ်ကြောင်း ဆိုခဲ့သည်။

သူ့မိန်းမတွေထဲက တချို့ဟာ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ်ဝန်ယူခဲ့ကြတာဖြစ်ကြောင်း ၊ အံ့အားသင့်စရာ ကောင်းလောက်အောင်ကို မိန်းမခပ်များများက ကိုယ်ဝန်ရရှိခဲ့ကြတာဖြစ်ကြောင်း သူက အပြစ်တင်သလို ပြောဆိုခဲ့ပြန်သေးသည်။

Source : Dailymail

ပုံရိပ်(burmesehearts.com)

Aye Chan Mon Credit To: burmesehearts.com
http://www.ayechanmon-news1.com/

Post a Comment

 
Top