0

ရန်ကုန်၊ ဇွန် ၂၄

၂၄.၆.၂၀၁၄ရက်နေ့၀၀၃၀အချိန်တွင်လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် လှိုင်သာယာ မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး၊ န၀ဒေးမှတ်တိုင်
အနီး၊ တိုကျိုပိုက်စက်ရုံရှေ့တံတား၌အမျိုးသားတစ်ဦးလဲကျနေကြောင်းသတင်း အရသွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အမည်မသိအမျိုးသားတစ်ဦးအား ၀ဲပါးတွင်
ပြတ်ရှဒဏ်ရာ(၁)ချက်နှင့် ၀မ်းဗိုက်တွင်ထိုးသွင်းဒဏ်ရာ(၃)ချက်တို့ရရှိကာ
သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်း (ပ)၈၉၇/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် ကာ စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။

အမှုမှ သေဆုံးသူအမျိုးသားမှာ အသက်(၃၀)နှစ်ခန့်၊အသားညို၊ ခန္ဓာကိုယ်ပိန်၊ အရပ်(၅)ပေ (၆)လက်မခန့်ရှိသူဖြစ်ပြီး ကိုယ်ပေါ်တွင်အပွင့်များပါသည့် ရှပ်အင်္ကျီိအဖြူ ၊TEN တံဆိပ် နီညိုရောင် မိုးကာအင်္ကျီနှင့် အပြာရောင်ကွက်စိပ်
ပုဆိုးတို့ကိုဝတ်ဆင်ထားပါသည်။

အမှုအား ရဲတပ်ဖွဲ့မှစုံစမ်းဖော်ထုတ်လျက်ရှိရာတွင် မိဘပြည်သူများမှလည်း
သေဆုံးသူ အမျိုးသားမှာ မည်သူဖြစ်ကြောင်းနှင့်၎င်း၏အချက်အလက်များအား
သိရှိပါကအောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် သတင်းပေးခြင်းဖြင့် ပူးပေါင်း
ကူညီနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်-

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၇၄၇
ရဲမှူး (မှုခင်း)၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၉ ၈၆၀၂၃၆၃
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၆၄၅၈၂၃
လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၆၄၅၀၁၅
လှိုင်သာယာမြို့မရဲစခန်း - ၀၁ ၆၄၅၀၁၆

Aye Chan Mon Credit To: Yangon Police
http://www.ayechanmon-news1.com/

Post a Comment

 
Top