0
လပြည့်ဝန်း| ACM Re-Post 19-6-2014

မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းက ၎င်း၏ စည်းမျဉ်းများကို ဒီမိုကရေစီစံနှုန်းနှင့်အညီ ပြန်လည် ပြုပြင်ရေးဆွဲသွားမည် ဖြစ်ရာ အသင်းဝင်များ မှောင်ခိုသစ်ရောင်းဝယ်ခြင်းနှင့် ကင်းရမည်ဆိုသည့် အချက်ကိုပါ ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ကြောင်း အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဘာဘာချိုက ပြောသည်။

“အရင်က အသင်းအဖွဲ့စည်းမျဉ်းစည်း ကမ်းက ဒီမိုကရေစီစံနှုန်းနဲ့လည်းမညီ၊ ပြည့်စုံမှုလည်းမရှိတဲ့အတွက် အသုံးပြုရတာ အဆင်မပြေတော့ဘူး။ ဒါ့ကြောင့် ပိုကောင်းအောင် ခေတ်နဲ့လျော်ညီတဲ့ စည်းမျဉ်းသစ်ကို ပြန်လည်ပြင်ဆင်ရေးဆွဲရတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အသင်းအဖွဲ့စည်းမျဉ်းသစ်များကို ဇွန် ၂၂ ရက် ၉ နာရီတွင် မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တွင် ကျင်းပမည်ဖြစ်သော အသင်းအစည်းအဝေးတွင် အတည် ပြုသွားမည်ဖြစ်သည်။ ထိုအစည်းအဝေးတွင် ဗဟိုအလုပ်မှုဆောင်နှင့် အလုပ်အမှုဆောင်အသစ်များကိုလည်း ရွေးချယ်သွားမည်ဖြစ်သည်။

“အသင်းအနေနဲ့ တရားမ၀င်သစ်ခိုးထုတ်ရေးကိစ္စတွေကို ဖြေရှင်းတဲ့အခါ တိုက် ရိုက် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် အသင်းသားတွေ ကိုယ်တိုင် မှောင်ခိုသစ်နဲ့ပတ်သက် မှုမရှိစေဖို့ စည်းမျဉ်းအသစ်က ပြင်းပြင်းထန်ထန် တားမြစ်သွားမှာပါ”ဟု ဦးဘာဘာချိုက ဆက်ပြောသည်။

ချမှတ်ထားသော စည်းမျဉ်းသစ်များကို အသင်းသားများ လိုက်နာခြင်းရှိ မရှိ အပါအ၀င် အခြားအချက်အလက်များကို အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွား မည်ဖြစ်သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်၏ သစ်တော ထွက်ပစ္စည်း တင်ပို့မှုမှရငွေသည် ကန်ဒေါ်လာ ၉၄၇ သန်းရှိခဲ့သည့်အနက် နိုင်ငံပိုင် လုပ်ငန်းဖြစ်သော မြန်မာ့သစ်လုပ်ငန်း၏ တင်ပို့မှုမှရငွေမှာ ကန်ဒေါ်လာ သန်း ၈၇၀ ခန့်ရှိသည်ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှု စာရင်းများတွင် ဖော်ပြထားသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top