0
မုတ်သုံမိုးကတော့ အားပျော့လွန်းလှပါတယ်။
ဒီနှစ် မိုးဦးကတော့ ရင်လေးစရာပါဘဲ။
ACM Re-Post 1-6-2014

ဘင်္ဂလားပင်လယ်အော်ထဲမှာလည်း မုန်တိုင်းဝေးလို့ လေဖိအားနည်းရပ်ဝန်းလေးတောင် မဖြစ်ပါဘူး။ ဒီလိုပါဘဲ မုန်တိုင်းတွေနဲ့ ဝေနေလေ့ရှိတဲ့ တောင်တရုတ်ပင်လယ်ပြင် ကလည်း
ငြိမ်သက်ပြီး မုန်တိုင်းတွေကင်းလို့။

မုတ်သုံရဲ့လက္ခဏာတွေဖြစ်တဲ့ အရှေ့ဂျက်လေစီးကြောင်း(Easterly Jet) တို့ Tibetan High, Mascarene High, Monsoon Low, Monsoon Trough ဘာဆိုဘာမှ ပီပီပြင်ပြင်မရှိသေးပါဘူး။ ဟိမ၀န္တာတောင်ဖက် မြန်မာနိုင်ငံမြောက်ပိုင်းရဲ့အထက်လေထုထဲမှာ အနောက်ဂျက်လေစီးကြောင်း (Westerly Jet)ကလည်း အခုအထိ အထိုင်ကျနေဆဲ။

မိုးရွာတဲ့ပုံစံကလည်း မြစ်ဝကျွန်းပေါ်ရဲ့အထက်ဖက် မြောက်ပိုင်းဒေသအထိ ဘာမိုးမှ မရှိဘူးဗျ။ ရွာတဲ့မိုးကလည်း ဟိုတစ့်ါက်ဒီတစ်ကွက်တဲ့ နေရာကွက်ကျားမိုးလေးတွေလောက်ဘဲရွာပါတယ်။ မုတ်သုံလေဦးကလည်း ဟို ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက ပြန်စဖို့ပြင်နေတာ ကိုတွေ့နေ ရပါတယ်။

ဒီနှစ် မုတ်သုံလေအခြေအနေကတော့ ဇာတ်ခေါင်းကွဲနေတဲ့ ဇာတ်အဖွဲ့ကြီးတစ်ခုလိုပါဘဲ။ ဖရိုဖရဲနဲ့ဗျ.။ တော်တော်ပြန်တည်ယူရဦးမယ်။ အခြေအနေ အရပ်ရပ်ကို အမြဲစောင့်ကြည့်နေရ ပါတယ်။

ရာသီဥတုပြောင်းလဲမှုတွေဖြစ်နေရတဲ့အထဲ အယ်လ်နီညိုရာသီဥတုကလည်း လာဖြစ်နေလေတော့ အတော်မလွယ်တဲ့ အခြေအနေပါဘဲဗျာ။
ဟူး......။

ဒေါက်တာထွန်းလွင်

Aye Chan Mon Credit To: Tun Lwin
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top