နိုင်ငံတကာကျောင်း များမှ အခြေခံပညာကျောင်းများ သို့ ပြောင်းရွှေ့သင်ကြားလိုသည့် ကျောင်းသူ၊ ကျောင်းသားများအ တွက် Placement Test ကို အ မှတ် (၃) အခြေခံပညာဦးစီးဌာန တွင် ယနေ့ စတင်ဖြေဆိုရမည်ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘လျှောက်လွှာ လာယူတာ တော့ အတန်းစုံပဲ။ များတာက တော့ အဋ္ဌမတန်းတို့၊ န၀မတန်း တို့ များတယ်။ လျှောက်လွှာယူ ပြီးတော့ တချို့ကတော့လည်း လာမတင်ဘူး။ တကယ်ဖြေမယ့် လူက မနက်ဖြန်ဖြေတဲ့ အချိန်မှ သိမှာပါ’’ ဟု အမှတ် (၃) အခြေ ခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဒေါ်စန်းစန်းရီက ပြောသည်။
Placement Test ဖြေဆိုရ မည့် ကျောင်းသူ၊ ကျောင်းသား များမှာ အမှတ် ၅၉၁၊ အောက် ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင် တိုင်မြို့နယ်ရှိ အမှတ် (၃) အခြေ ခံပညာဦးစီးဌာနတွင် တစ်နေ့ နှစ် ဘာသာနှုန်းဖြင့် သက်ဆိုင်ရာအ တန်းအလိုက် ဘာသာရပ်များကို လာရောက် ဖြေဆိုရမည်ဖြစ် သည်။
အခြေခံပညာကျောင်းများ နှင့် ပုဂ္ဂလိကကျောင်းများသို့ ပြန် လည်တက်ရောက်လိုသည့် ကျောင်းသူ၊ ကျောင်းသားများ သည် ၎င်းတို့ သင်ကြားပြီးမြောက် ခဲ့သည့် Level ၏ တစ်ဆင့်နိမ့်အ တန်းမှ ပညာရေးဝန်ကြီးဌာန၏ အတန်းအလိုက်သတ်မှတ်ထား သော သင်ရိုးညွှန်းတမ်းအတိုင်း ဘာသာရပ်များကို Placement Test ဖြေဆိုရမည်ဖြစ်သည်။
‘‘အစိုးရကျောင်းပြောင်းမယ့် ကလေးတွေအနေနဲ့ကတော့ Syllabus တွေ၊ Curriculum တွေ မတူတဲ့အတွက်တော့ အခက်အ ခဲတချို့တော့ ရှိနိုင်တယ်။ ကျွန် တော်တို့ဆီက ကျောင်းထွက်သွား တဲ့ ကလေးတွေအတွက်ကို Grade အလိုက် ထုတ်ပေးပါ တယ်’’ ဟု ရန်ကုန်မြို့ရှိ အင်တာ နေရှင်နယ် ကျောင်းဖွင့်လှစ်ထား သူ တစ်ဦးက ပြောသည်။
Placement Test ကို ယခု နှစ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး နှစ်စဉ် မတ် လအတွင်း Placement Test ဖြေဆို၍ မေလအတွင်း အောင် စာရင်းထုတ်ပြန်ပေးသွားရန် စီစဉ် ထားကြောင်း အမှတ် (၃) အခြေခံ ပညာဦးစီးဌာနမှ သိရှိရသည်။
လျှောက်ထားလိုသည့် ကျောင်းသူ၊ကျောင်းသားများအ တွက် Placement Test ဖြေဆို ခွင့်လျှောက်လွှာများကို အမှတ် (၁၊ ၂) အခြေခံပညာဦးစီးဌာန များအတွက် သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ် ပညာရေးမှူး ရုံးများနှင့် အမှတ် (၃) အခြေခံ ပညာဦးစီးဌာနအတွက် လက် ထောက်ညွှန်ကြားရေးမှူး (သင် ကြား)၊ ရုံးခန်း၊ အမှတ် ၅၉၁၊ အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဇွန်လ ၁၃ ရက်မှစ၍ အခမဲ့ထုတ်ဝေပေး ခဲ့ကြောင်း သတင်းရရှိသည်။
အခြေခံပညာကျောင်းသားလေးများ ကျောင်းဆင်းလာစဉ်( ဓာတ်ပုံ−နစ်ကီ)
Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/
Post a Comment