Published on: June 24, 2014
Written by: အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး
ဒီမိုကရေစီ တည်ဆောက်မှုအတွင်း လွှတ်တော်၏ အရေးပါ အရာရောက်မှု ကဏ္ဍကို ပေါ်လွင်စေရန် လွှတ်တော်သို့တင်သွင်းသည့် အဆိုအရေအတွက်နှင့် အရည်အချင်း တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များအား ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) သုတေသနအဖွဲ့က အကြံပြု တိုက်တွန်းပြောကြားလိုက်သည်။
ပွင့်လင်းမြန်မာရှေ့ဆောင် အဖွဲ့သည် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့၏ ပထမပုံမှန် အစည်းအဝေးမှ ဆဋ္ဌမပုံမှန် အစည်းအဝေးထိ တင်သွင်းခဲ့သော အဆိုများကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ်လေ့လာခဲ့ပြီး လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာအမှတ် (၂) ထုတ်ပြန်ခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဇွန် ၂၄ ရက်က ရန်ကုန်မြို့ရှိ အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။ လွှတ်တော်အစည်းအဝေး တစ်ရက်လျှင် အဆိုလေးခုထက် ပိုမိုခြင်းမရှိစေရဟု နည်းဥပဒေများအရ ပြဋ္ဌာန်းသတ်မှတ်ထားသော်လည်း လက်တွေ့တွင်မူ ထိုနှုန်းကိုပင် ပြည့်မီခြင်းမရှိကြောင်း တွေ့ရသည်ဟု ပွင့်လင်းမြန်မာရှေ့ဆောင်၏ အစီရင်ခံစာအမှတ် (၂) တွင် ဖော်ပြထားသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့၏ ပထမပုံမှန် အစည်းအဝေးမှ ဆဋ္ဌမပုံမှန် အစည်းအဝေးထိ တင်သွင်းခဲ့သော အဆိုများတွင် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပသည့် ရက်ပေါင်း ၁၇၃ ရက်တွင် တင်သွင်းသည့် အဆိုအရေအတွက် ၁၅၄ ခုရှိရာ တစ်ရက်ချင်း အဆိုအရေအတွက် ၀ ဒသမ ၉ ခုအထိသာ ရှိကြောင်း၊ အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပသည့် ရက်ပေါင်း ၁၆၉ ရက်တွင် တင်သွင်းသည့် အဆိုအရေအတွက် ၁၄၉ ခုရှိရာ တစ်ရက်ချင်း အဆိုအရေအတွက် ၀ ဒသမ ၈၈ ရှိကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပသည့် ရက်ပေါင်း ၉၈ ရက်တွင် တင်သွင်းသည့် အဆိုအရေအတွက် ၃၈ ခုရှိရာ တစ်ရက်ချင်းပျမ်းမျှ အဆိုအရေအတွက် ၀ ဒသမ ၃၉ ခုရှိကြောင်း အစီရင်ခံစာ အမှတ်(၂) တွင် ဖော်ပြချက်အရ သိရသည်။
ပုံမှန်အစည်းအဝေး ခြောက်ကြိမ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းသော အဆိုများ၏ ရည်ရွယ်ချက်မှာ ဥပဒေပြုခြင်း၊ အစိုးရကို စိစစ်ထိန်းကျောင်းခြင်းနှင့် ကိုယ်စားပြုခြင်းတို့ဖြစ်ပြီး အစိုးရအား အပြန်အလှန် ထိန်းကျောင်းရေးအတွက် ရည်ရွယ်သည့်အဆို အများဆုံးဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် အဆိုများအနက် ဆွေးနွေးသည့်အဆို ၈၀ ခုအနက် ၆၆ ခုကိုသာ အတည်ပြုနိုင်ခဲ့ကြောင်း၊ အမျိုးသားလွှတ်တော်တွင် တင်သွင်းသည့် အဆိုများအနက် ဆွေးနွေးသည့် အဆို ၁၂၄ ခုရှိရာ အဆို ၇၀ ခုကို အတည်ပြုနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည့် အဆို ၁၀ ခုအနက် အဆိုတစ်ခုကိုသာ အတည်ပြုနိုင်ခဲ့ကြောင်း အစီရင်ခံစာ အမှတ် (၂) တွင် ဖော်ပြချက်အရ သိရသည်။
ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခြင်း မတွေ့ရသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၈၆ ဦးရှိကြောင်း၊ အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခြင်း မတွေ့ရသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀၈ ဦးရှိကြောင်း သိရပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အဆိုတင်သွင်းမှု အခြေအနေတွင်မူ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး အဆိုတင်သွင်းပြီး တပ်မတော်သားကိုယ်စားလှယ် အဆိုဆွေးနွေးဖူးကြောင်း၊ အမျိုးသားလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး အဆိုတင်သွင်းပြီး တပ်မတော်သားကိုယ်စားလှယ် ၁၄ ဦး အဆိုဆွေးနွေးဖူးကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်နှစ်ဦး
Aye Chan Mon Credit To: Eleven Media Group
http://
Post a Comment