0

ACM Re-Post 3-6-2014

ကိုလံဘီယာအသင်း အပြီးသတ် ကစားသမား ၂၃ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာတွင် နာမည်ကျော် တိုက်စစ်မှူး ဖယ်လ်ကာအို ပါဝင်လာခဲ့ခြင်း မရှိကြောင်း သိရသည်။ ဖယ်လ်ကာအိုသည် ပြီးခဲ့သည့် ဇန်နပါရီလက မိုနာကိုအတွက် ကစားပေးရာမှ ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပြီး (၄)လကြာ အနားယူခဲ့ရကာ ဒဏ်ရာ ပြဿ နာမှ
ပြန်လည်သက်သာလာခဲ့သော်လည်း ပွဲကစားနိုင်သည့် ကြံ့ခိုင်မှုမျိုး မရရှိနိုင်သောကြောင့် အပြီးသတ်စာရင်းမှ ချန်လှပ်ခံရခြင်းဖြစ်သည်။

ကိုလံဘီယာနည်းပြ ပီကာမင်က အပြီးသတ်လူစာရင်း မထုတ်ပြန်မီ နောက်ဆုံးမိနစ်အထိ ဖယ်လ်ကာအိုကို ရွေးချယ်နိုင်လိမ့်မည်ဟု
မျှော်လင့်ခဲ့သော်လည်း ဆေးပညာရှင်များ၊ လေ့ကျင့်ရေးမှူးများနှင့်
ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ရပြီး ကိုလံဘီယာ နည်းပြဘ၀တစ်လျှောက် ၀မ်းနည်းဖွယ် အကောင်းဆုံးနေ့ဖြစ်ခဲ့ကြောင်း အာဂျင်တီးနားနိုင်ငံ၊ ဗျူ နိုအေရိစ်မြို့တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောခဲ့သည်။

@z(ရိုးရာလေး)

Aye Chan Mon Credit To :YoYarLay
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top