ACM Re-Post 21-6-2014
ဂေါတမ မြတ်စွာဘုရားဟာ
မာရ်နတ်ကို - ဒါနပါရမီနဲ့ အောင်နိုင်ခဲ့တယ်။
အာဠာဝကကို - ခန်္တီပါရမီနဲ့ အောင်နိုင်ခဲ့တယ်။
နာဠာဂီရိဆင်ကို - မေတ္တာပါရမီနဲ့ အောင်နိုင်ခဲ့တယ်။
အဂုင်္လိမာလကို - (ဖန်ဆင်းအပ်သော) တန်ခိုးတော်နဲ့ အောင်
နိုင်ခဲ့တယ်။
စိဉ္စမာနကို - သမာဓိနဲ့ အောင်နိုင်ခဲ့တယ်။
သစ္စကပရပိုဇ်ကို - ပညာပါရမီနဲ့ အောင်နိုင်ခဲ့တယ်။
နန္ဒောပရန္ဒနဂါးကို - (နည်းပေးအပ်သော)တန်ခိုးတော်နဲ့
အောင်နိုင်ခဲ့တယ်။
ပကဗြဟ္မာကို - သဗ္ဗညုတဥာဏ်တော်နဲ့ အောင်နိုင်ခဲ့တယ်။
ဘုရားရှင်သည်ပင်လျှင် ရင်ဆိုင်ရတဲ့ အတိုက်အခိုက်တွေအပေါ် သူ့နေရာနဲ့ သူ၊ မေတ္တာနဲ့တန်သူကို မေတ္တာနဲ့၊ ပညာနဲ့တန်သူကို ပညာနဲ့၊ တန်ခိုးနဲ့တန်သူကို တန်ခိုးနဲ့ စသဖြင့် တုံ့ပြန်တာကို ကြားနာ ဗဟုသုတယူပြီး ကျွန်တော်တို့တစ်တွေလည်း ကာလဒေသ အခြေအနေအရပ်ရပ်ကို ပညာမျက်စိနဲ့ ကြည့်မြင်သုံးသပ်ရင်း ...
ဇာတိသွေး ဇာတိမာန်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အခြေခံပြီး ကောင်းမြတ်မှန်ကန်တဲ့သတိနဲ့ ရင်ဆိုင်ကြဖို့ လိုပါမယ်။ သိပ်ချစ်ကြတဲ့အခါ မျက်စိစုံမှိတ်ပြီး ချစ်မိတတ်ကြတယ် ဆိုပေမယ့် ...
အမှောင်ထဲက ထွက်လာကြရသူတွေမို့ မျက်စိကျိန်းချင်ကျိန်းပါစေ။ မျက်စိဖွင့်လိုက်ကြပါတော့လို့သာ ဆော်သြချင်တော့တာပါပဲ။
မျိုးချစ်စိတ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အဲဒီခေါင်းစဉ်အောက်မှာ ဒေါသမီးခိုးတွေ အူထွက်လာအောင် ဖန်တီးသူတွေရှိခဲ့သော် မျက်စိဖွင့်ထားကြသူများ က မြင်သာပါလိမ့်မယ်။ ပြင်းထန်တဲ့မျိုးချစ်စိတ်နဲ့ စုံမှိတ်ချစ်မိကြသူများ အပေါ် အသုံးချ ခြေထိုးခံမယ့်သူတွေ ရှိနေတတ်ကြလို့ သတိပေးတာပါ။
Eternal Light Magazine
June 2014
“မျိုးချစ်စိတ်စစ်စစ်ဆိုတာ”
Aye Chan Mon Credit To: Eternal Light Magazine
http://www.ayechanmon-news1.com/

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.