ယင်းမာပင်မြို့တွင် ယမန်နေ့က ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အင်အား (၁၅၀၀) ဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ ကြောင်း ယင်းမာပင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ သိရသည်။
အဆိုပါ ဆန္ဒ ထုတ်ဖော်မှုကို နံနက် (၈) နာရီမှ စတင်ကာ (၁၁) နာရီအထိ ပြုလုပ်ခဲ့ ပြီး၊ ပုဒ်မ ၄၃၆ ချက်ချင်းပြင်၊ ဒီမိုကရေစီ စံနှုန်းများဖြင့် မညီသည့် ပုဒ်မ ၄၃၆ ကို ကန့်ကွက်ကြ၊ အများပြည်သူ သဘောမတူတဲ့ ပုဒ်မ ၄၃၆ တာဝန် အရ ဖီဆန်ကြ၊ ဒီမိုကရေစီ စံနှုန်း နှင့် မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ချက်ချင်းပြင်စသည့် စာတန်းများ ပါသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ယင်းမာပင်မြို့ အ၀င်မှ မြို့အထွက်ဆိုင်းဘုတ် အထိ လမ်းလျှောက်ချီတက် ဆန်္ဒထုတ်ဖော် ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူတွေ လိုချင်တဲ့ဒီမိုကရေစီကို အမှန်တကယ် ရချင်တယ်ဆိုရင်တော့ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ လိုအပ်တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော် သွားတာပါ ဟု မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥပဒေရေးရာဌာန မှ ကိုနန္ဒဇော် က ပြောသည်။
Aye Chan Mon Credit To: Messenger News Journal
http://
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.