0

ACM Re-Post 21-6-2014

ကျောင်းဆင်းချိန် ယာဉ်ကြော ရှင်းလင်းရေးအတွက် တာဝန်ကျ ယာဉ်ထိန်းရဲတစ်ဦးကို ကျောင်းကြိုရန် လာရောက်သူက ဓားဖြင့်ခုတ်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်သည် ပြင်ဦးလွင်မြို့ ၌ ဇွန်လ (၁၉) ရက်နေ့ ညနေ (၃) နာရီခွဲ ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျောင်းရှေ့သို့ ကျောင်းလာကြိုရန် ပြင်ဦးလွင်မြို့တွင် နေသူ အသက် (၁၉) နှစ်အရွယ် မောင်းနှင်လာသည့် ကယ်ရီနာ မော်တော်ယာဉ်သည် အထက (၂) ကျောင်းရှေ့တွင် ယာဉ်ကြော နှစ်ထပ်ရပ်ထားသဖြင့် လမ်းဘေးသို့ ချရပ်ပေးရန် ပြောဆိုရာမှ ယာဉ်မောင်းသူက လမ်းဘေးသို့ ဆင်းမပေးနိုင် ကြောင်း ပြန်လည်ပြောဆိုရင်း ပြဿနာ စတင်ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ယာဉ်မောင်းသည် ကားပေါ်မှဆင်းလာပြီး ယာဉ်ထိန်းရဲကို အရိုးအသွား (၂၉) လက်မခန့် ရှိ ဓါးရှည်ဖြင့် ၀င်ခုတ်ခဲ့သဖြင့် ယာဉ်ထိန်းရဲ မှ ဓါးအရိုးအား ဖမ်းဆုတ်ခဲ့ရာ ၄င်း၏ ၀ဲလက်မနှင့် ယာလက်သန်းတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး မှုခင်း မှတ်တမ်းများအရ သိရသည်။ အဆိုပါအခင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ထိန်းရဲအား ဓါးဖြင့်ခုတ်သူကို ပြင်ဦးလွင်မြို့မ ရဲစခန်းတွင် (ပ) ၁၂၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၃ နှင့် (ပ) ၁၂၆/၂၀၁၄၊ အပြင်လက်နက်မှု ပုဒ်မ ၁၉(င) ဖြင့်ဖမ်းဆီးကာ အမှုဖွင့်စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ယာဉ်ထိန်းရဲများကို အန္တရာယ် ပြုသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး၊ မန္တလေးမြို့ သိပ္ပံလမ်းမီးပွိုင့် နှင့် စစ်ကိုင်းလမ်းခွဲတို့တွင် ယခုလအတွင်း ဖြစ်ပွားခဲ့ကြောင်း၊ ရန်ကုန်မြို့တွင်လည်း ယခုလအတွင်း ယာဉ်ထိန်းရဲကို ဓါးဖြင့်ခုတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Aye Chan Mon Credit To: Messenger News Journal
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top