ရန်ကုန်၊ နိုဝင်ဘာ ၁၉
လက်ပံတောင်းတောင် ကြေနီစီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်သူများအတွင်းမှ ရဲအရာရှိများအပေါ် ထိခိုက်ဒဏ်ရာရရှိစေရန်
ပြုလုပ်သူများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စုံစမ်းမှု စတင်နေပြီဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးက ပြောသည်။
လက်ပံတောင်းတောင် ဆန္ဒပြသူများအပေါ်
အကြမ်းဖက်ဖြိုခွင်းမှု တစ်နှစ်ပြည့် အဖြစ်
ယခုလအလယ်ပိုင်းတွင် ဆန္ဒဖော်ထုတ်ကြပြီး ၎င်းဆန္ဒဖော်ထုတ်ပွဲတွင်ပင် ဆန္ဒပြသူဒေသခံများမှ ရဲတပ်ဖွဲ့ဝင်များ အပေါ် ထိခိုက်ဒဏ်ရာ ရစေရန် စတင်ပြုမူခဲ့ခြင်းလည်း ဖြစ်ကြောင်း၎င်းရဲမှူးကပြောသည်။
“တရားဥပဒေစိုးမိုးမှုအတွက် အပြစ်ကျူးလွန်သူတွေကို ဖမ်းဆီးထိန်းသိမ်းသွားမှာပါ။ အရေးယူသွားပါမယ်။ ရဲတွေက ရဲအလုပ်ကို လုပ်ပါမယ်”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ အမှုအတွက် မုံရွာမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီး တရားခံများ ဖမ်းဆီးမှုအတွက်ကိုမူ အချိန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
““အစစ်အမှန် လုပ်တဲ့သူကိုပဲ ဖမ်းမိဖို့ အချိန်ယူသွားမှာပါ။ မလုပ်တဲ့ သူတွေကို ဖမ်းမိမှာ မလိုလားပါဘူး”ဟု ဒုရဲမှူးက ဆက်ပြောသည်။သုတလင်း
အေးချမ်းမွန် Credit To >Popular Myanmar News Journal
Post a Comment