0

-ACM Re-Post 1-6-2014
Written by: နွဲ့ယဉ်အေး

စတော့အိတ်ချိန်းတွင် စာရင်းဝင်နိုင်ရန် AGD ဘဏ်ကို Daiwa မှ နည်းပညာကူညီပေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့စဉ်က တွေ့ရပုံ
မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ပေါ်ပေါက်ရန် နှောင့်နှေးနေသည်ဟု သတင်းများထွက်ပေါ်လာခြင်းမှာ မှားယွင်းနေပြီး မကြာမီမှာပင် ရုပ်လုံးပေါ်တော့မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက ပြောကြားသည်။

“စတော့အိတ်ချိန်းက နှောင့်နှေးမနေပါဘူး။ တစ်ဆင့်ချင်း သွားနေပါတယ်။ Securities Exchange Commission (SEC) ထောင်ဖို့ကလည်း အနေအထား အတော်ရောက်နေပါပြီ။ အဖွဲ့ဖွဲ့ဖို့ကို တင်ပြထားပြီးဖြစ်ပါတယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်း ထွက်ပေါ်လာဖို့ ရှိပါတယ်။ အများဆုံးကြာရင် နောက်လထဲမှာ ထွက်ဖို့ရှိပါတယ်” ဟု ဦးမောင်မောင်သိမ်းက မေ ၃၁ ရက် နံနက်ပိုင်းက ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် Daiwa Institute of Research တို့ ပူးပေါင်းပြုလုပ်သော ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဖော်ဆောင်ရေး ကိစ္စရပ်မှာ အစီအစဉ်အတိုင်းသွားနေပြီး ငွေကြေးဈေးကွက် ထူထောင်ရန် အရေးအကြီးဆုံးဖြစ်သော SEC ကို ဖွဲ့စည်းရန်၊ ရန်ကုန် စတော့အိတ်ချိန်းထူထောင်ရန်၊ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကာ ရှယ်ယာရောင်းမည့် ကုမ္ပဏီများကို ပြင်ဆင်ပေးရန်တို့ကို တစ်ပြိုင်တည်း ပြုလုပ်နေရသဖြင့် ရုပ်လုံးမပေါ်သေးခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကုန်စတော့အိတ်ချိန်း ပေါ်ပေါက်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်၊ Daiwa Securities Co., Ltd နှင့် တိုကျိုစတော့အိတ်ချိန်းတို့ ပူးပေါင်းပြီး ဖက်စပ်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမှာ ဖြစ်တယ်။ ဒီကိစ္စလည်း SEC ပေါ်ပြီးတာနဲ့ ရှေ့ဆင့်နောက်ဆင့် ထွက်လာဖို့ ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် စတော့အိတ်ချိန်းနှင့် ပတ်သက်သော စည်းမျဉ်းများလည်း ရေးဆွဲပြီးစီးသွားပြီဖြစ်ပြီး ရှေ့နေချုပ်ရုံးသို့ ဆက်လက်ပေးပို့ထားကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း အဆောက်အအုံနေရာအတွက် မြဝတီဘဏ်အဆောက်အအုံ ပထမထပ်ကို အသုံးပြုရန် လုပ်ဆောင်ထားပြီးဖြစ်သလို ငွေကြေးဈေးကွက် လည်ပတ်ရန် IT Systems များကိုလည်း ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top