0

အီကွေဒေါအသင်းသည် တိုက်စစ်မှူးအန်နာဗလင်စီယာ၏ ခြေစွမ်းပြသွင်းဂိုးများနှင့်အတူ ဟွန်ဒူးရပ်စ်အသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ယူကာ အုပ်စုမှတက်ရန် မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ နှစ်သင်းစလုံး
မှာ အုပ်စုအဖွင့်ပွဲစဉ်များကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ယခုပွဲတွင် အနိုင်ရရန် ကြိုးစားခဲ့ကြပြီး
ဟွန်ဒူးရပ်စ်တိုက်စစ်မှူးကော့စ်လီက ပထမပိုင်း(၃၁)မိနစ်တွင် အဖွင့်ဂိုးစတင်သွင်းယူ ခဲ့သည်။ ဟွန်ဒူးရပ်စ်အသင်း၏ ဦးဆောင်ဂိုးမှာ မိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီး အီကွေဒေါ အသင်းတိုက်စစ်မှူးအန်နာဗလင်စီယာက နောက်ခံလူပါရီဒက်ဇ်၏ ကန်ချက် လူထိထွက်လာသည်ကို ပြေးဝင်ပိတ်ကာ ချေပဂိုးသွင်းယူပေးခဲ့သည်။ အီကွေဒေါအတွက် အုပ်စုမှတက်ရန်မျှော်လင့်ချက်ဂိုးအား အန်နာဗလင်စီယာကပင် ဒုတိယပိုင်း(၆၅)မိနစ်တွင် သွင်းယူပေးခဲ့ပြီး ယင်းဂိုးမှာ သူ၏(၃)ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ခဲ့သည်။ အီကွေဒေါအသင်းသည် ဇွန်လ(၂၅)ရက်နေ့တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ပြင်သစ်အသင်းနှင့်ကစားရမည်ဖြစ်သည်။

အီကွေဒေါအသင်းအတွက် ဒုတိယမြောက်အနိုင်ဂိုးအား အန်နာဗလင်စီယာကန်သွင်းနေစဉ် (Photo:AFP)

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top