ACM Re-Post 19-6-2014
ဘယ်လ်ဂျီယံအသင်း၏ တောင်ပံကစားသမား အီဒင်ဟာဇက်သည် အယ်လ်ဂျီးရီးယားအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် ရရှိခဲ့သည့် ခြေချောင်းဒဏ်ရာကြောင့် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များနှင့်လွဲချော်ခဲ့ရပြီး စိုးရိမ်ရဖွယ်ရှိနေကြောင်း သိရသည်။ ဟာဇက်သည် ယင်းခြေချောင်းဒဏ်ရာ နာကျင်နေသောကြောင့် ဘယ်လ်ဂျီယံအသင်း၏ ဗုဒ္ဒဟူးနေ့က ပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းအစီအစဉ်များကို လွဲချော်ခဲ့ရသည်။ ဟာဇက်၏ ဒဏ်ရာကို အသေးစိပ်ဆေးစစ်မှုများ ပြုလုပ်ရမည်ဟု ဘယ်လ်ဂျီယံအသင်း ဆေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ၀န်ခံခဲ့ပြီး လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် ရုရှားအသင်းနှင့်ပွဲကို လွဲချော်ရမည့်အခြေအနေရှိနေကြောင်း သိရသည်။
အယ်လ်ဂျီးရီးယားကစားသမားများ၏ ဖျက်ထုတ်မှုခံခဲ့သည့် ဟာဇက်
( Photo-AFP)
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment