0

ACM Re-Post 21-6-2014

Train 1ရထားပို့ဆောင်ရေးဝန်ကြီးဌာနဟာ ရန်ကုန်- မန္တလေး အမှတ် ၁၁-၁၂ အစုန်အဆန် ရထား ၁ စီးနဲ့ မန္တလေး- မြစ်ကြီးနား အမှတ် ၃၇-၃၈ အစုန် အဆန် ရထား ၁ စီး ပေါင်း ၂ စီးကို အကျိုးတူ စင်းလုံးငှားစနစ်နဲ့ ပူးပေါင်း လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေကို တင်ဒါခေါ်ထားတယ်လို့ မြန်မာ့မီးရထားဌာန ရန်ကုန်တိုင်းရုံးတာဝန်ရှိသူက အတည်ပြုပြောဆိုပါတယ်။

တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့ ၃ နှစ် စာချုပ်ချုပ်ဆို လုပ်ကိုင်သွားမှာ ဖြစ်ပေမယ့် လက်မှတ်ခ တွေကိုတော့ လက်ရှိအစိုးရက သတ်မှတ်ကောက်ခံနေတာထက် ၁၅ ရာခိုင်နှုန်း အထက် ပိုကောက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာ့မီးရထားဟာ ၁ နှစ်ကို ကျပ်ငွေ ၆ ဘီလီယံလောက် အရှုံးပေါ်နေတဲ့အတွက် အရှုံးသက်သာအောင် အခုလို ပုဂ္ဂလိကနဲ့ ဖက်စပ်လုပ်ကိုင်ဖို့ တင်ဒါ ခေါ်ရတာလို့ အဆိုပါ တာဝန်ရှိသူက ရှင်းပြပါတယ်။

Aye Chan Mon Credit To:  DVB
http://www.ayechanmon-news1.com/

Post a Comment

 
Top