ACM Re-Post 2-6-2014
ရန်ကုန်၊ ဇွန် ၁- ဥပဒေမဲ့အလုပ် ထုတ်ခံရသည့်အတွက် စဉ့်ကိုင်မြို့ရှိ ရှမ်းကန်ဘုန်းတော်ကြီးကျောင်းတွ
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင် မြို့နယ် ဘယ်လင်းကျေးရွာရှိ ကံ ကောင်းခြင်းရတနာသစ်စက်၌ မေ၁၉ ရက်တွင် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်လက်မှတ်မထိုးဘဲ နေသည့်အတွက် အလုပ်သမားများ အား မေ၂၁ရက်တွင် စက်ရုံရှိအ ဆောင် မှ ဆွဲထုတ်ခြင်းခံရပြီး ရှမ်းကန် ကျေးရွာအုပ်စု ရှမ်းကန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဒုက္ခသည်စခန်း ဖွင့်နေရခြင်းဖြစ်သည်။
ဦးခိုင်မင်းက''အခုထိ စက်ရုံက ဘာမှမဆွေးနွေးသေးဘူး။ လော လောဆယ် ကျေးရွာအုပ်ချုပ်ရေးမှူး က ကားသုံးစီးနဲ့ အတင်းလုပ်သား တွေကိုဆွဲထုတ်ဖို့ လာပြောနေတယ်''ဟုပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဦး တည်း ဒုက္ခသည်စခန်းသို့ မွန်းလွဲ ၂နာရီကျော်တွင် ရောက်လာပြီး ရပ်မိရပ်ဖသဘောဆန္ဒအရ ၄နာရီ အပြီးဖယ်ပေးရန်ပြောပြီး ဇွန်၆ရက် အထိ နေခွင့်တောင်းဆိုရာတွင် သဘောတူသည့်ပုံစံပြောပြီး မကြာမီ အချိန် ဖုန်းဖြင့် ပြန် လည်ပြောဆိုကာ အတင်းဖယ်ခိုင်းကြောင်း ယင်းနောက် လိုက်ကင်တာကားသုံးစီး ရပ်မိရပ်ဖ များနှင့် ရောက် လာကာ အတင်းဖယ် ရှားရန်ပြောဆိုပြီး ကျောင်းထိုင်ဘုန်း တော်ကြီးအား လျှောက်ရန်သွားရာ ဆရာတော်မှ ကမ္မဋ္ဌာန်းဆောင် တွင် တရားထိုင်နေသည့်အတွက် မတွေ့ ရဘဲ အလုပ်သမားခေါင်းဆောင်များ နှင့် အခြေအတင်ပြောဆိုပြီးနောက် ရပ်မိရပ်ဖများမှ အဖြစ်မှန်သိရှိသွား ပြီး ဇွန်၆ရက်အထိ ဘုန်းကြီးကျောင်း တွင်နေထိုင် ခွင့်ပြုကြောင်းပြော သည်။
ရှမ်းကန်ကျေးရွာနေ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသိန်းလွန်းက ''ဒီဒုက္ခ သည်စခန်းကလုပ်သားလေးတွေမှာ ကျွန်တော်တို့သား သမီးတွေ လဲပါ တယ်။ သူတို့တွေ အခက်အခဲကိုအမြဲ ထိတွေနေတော့ ကျွန်တော်တို့နား လည်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး က သူသဘောဆန္ဒနဲ့ အဖြစ်မှန်ကို ကျန်တဲ့သူတွေကိုမပြောဘဲ အတင်း ဖယ်ပေးဖို့လာလုပ်တာဖြစ်တယ်။ အခု အားလုံးဝိုင်းဆွေးနွေး လိုက်တော့ ဇွန်၆ရက်နေ့နှစ်ဖက်သဘောတူထား ကြတယ်''ဟု ပြောသည်။
ရှမ်းကန်ဘုန်းကြီးကျောင်း ရှိ ဒုက္ခသည်စခန်းတွင် လုပ်သား ၅၀၀ ကျော်ခန့်ရှိသည့်အတွက် စားသောက် ရေးအဆင်မပြေသည့် အတွက် ရွာထဲ ရှိပြည်သူများမှ ဟင်းသီးဟင်းရွက် များ လာရောက်ပေးခဲ့သော်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအား ရွာထဲရှိ ပြည် သူများ ကသဘောမကျသဖြင့် ဘုန်းကြီးကျောင်းမှစွန့်ခွာပေးရ
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်မှဦးရန်နိုင်ထွေး
ကံကောင်းခြင်းရတနာ သစ် အချောထည်စက်ရုံမှ တာဝန်ရှိသူ များသည် မြို့နယ်ဖျန်ဖြေညှိနှိုင်းရေး က သုံးကြိမ်တိုင်ခေါ်ယူသော် လည်း လာရောက်ခြင်းမရှိသည့်အတွက် ဇွန်၃ရက်တွင် ခုံသမာဓိရုံးအဆုံး အဖြတ်ယူရန်ချိန်းဆိုထားခြင်းဖြစ
S H [--Democracy today Daily Newspaper--]
Aye Chan Mon Credit To:Yangon Media Group
https://www.facebook.com/
http://
Post a Comment