0

ရန်ကုန်၊ ဇွန်၂၄- ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိသော အင်းလေ လံ၈၈ခုမှ နိုင်ငံတော်အခွန်ကျပ်သိန်း ပေါင်း ၂၁၂၂ သိန်းကျော် ရရှိနေပြီး ယခုနှစ်၏ လျာထားချက်အပေါ် ကျော်လွန်လျက်ရှိကြောင်း ရန်ကုန် တိုင်းငါးလုပ်ငန်း ဦးစီးဌာနမှ သတင်း ရရှိသည်။

၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်၏အင်းအိုင်ခွန်ကို ကျပ်သိန်းပေါင်း ၂၀၀၆ သိန်းကျော် လျာထားချက်ထားရှိ သော်လည်း ဧပြီ၁ရက်မှ ဇွန်၁၈ရက် အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ လေလံအင်း ၈၈အင်းမှ နိုင်ငံ တော် အခွန်ငွေ ၂၁၂၂သိန်းကျော် ရရှိ နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ငါး လုပ်ငန်းဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ် ငန်းဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီး မှူးဦးသန့်ဇင်က ''အင်းလေလံဆွဲတာ က အခုမြို့နယ် အလိုက် တတိယအ ကြိမ်ပြီးတဲ့မြို့နယ်ရှိသလို စတုတ္ထအ ကြိမ်ပြီးသွားတဲ့ မြို့နယ်တွေလဲရှိ တယ်၊ အင်းလေလံဆွဲဖို့က ၆၄အင်း ကျန်နေသေးတယ်။ အင်းလေလံကြမ်း ခင်းဈေးက ယခင်နှစ်ရဲ့၅ရာခိုင်နှုန်း တိုးတိုးသွားရလို့ မြင့်လာတာ''ဟု ပြောသည်။

လေလံအင်းများသည် တိုက်ကြီး မြို့နယ် တွင်အများဆုံးရှိပြီး ၆၆အင်း အနက်၅၂အင်းကို ရောင်းချခဲ့ခြင်းဖြင့် နိုင်ငံတော်အခွန်ငွေ ၁၈၃၂သိန်းကျော် ရရှိခဲ့ပြီး လေလံအင်း၁ဝအင်းသာရှိ သော လှည်းကူးတွင်အင်းတင်ဒါရောင်း ချရာ အခွန်ငွေကျပ်၃၉သိန်းကျော် ရရှိခဲ့ပြီး ယင်းနှစ်မြို့နယ်၏လျာထား ချက်အပေါ် ကျော်လွန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဦးသန့်ဇင်က ''အင်းတွေက တိုက်ကြီး၊ တွံတေး၊ ထန်းတပင်နဲ့ လှည်း ကူးမှာရှိတာ မှာ တိုက်ကြီးနဲ့ လှည်းကူး ကတော့ လျာထား ချက်အပေါ် ကျော် လွန်နေပါပြီ။ တိုက်ကြီးရဲ့ လျာထား ချက်က ကျပ်သိန်းပေါင်း၁၅၂ဝဖြစ်ပြီး လှည်းကူးကတော့ ၃၃သိန်းလျာထား တာမှာ နှစ်ခုလုံးကျော်တယ်၊ ဒါပေမဲ့ တွံတေးနဲ့ ထန်းတပင်ကတော့ လျာ ထားချက်ကိုမကျော်သေးဘူး''ဟုပြော သည်။

တွံတေးမြို့နယ်တွင် လေလံ အင်း ၃၆အင်းရှိသော်လည်း အင်း တင်ဒါရောင်း ချရာတွင် ၁၃အင်းသာ ရောင်းချရပြီး အခွန်ငွေ ၇ရသိန်းကျော် ရရှိကြောင်းနှင့် ထန်းတပင်မြို့နယ် တွင် လေလံအင်း၎ဝအနက် ၁ရအင်း သာရောင်းချရပြီး အင်းလေလံခွန် ၁၇၂သိန်းသာရောင်းချရကြောင်း သိရသည်။

T E E P

[---Democracy today Daily Newspaper--]

Aye Chan Mon Credit To: Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top