0

မျိုးသန့်| ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၅ ရက်၊ ၂၀၁၄ ခုနှစ်။

ပြည်တွင်းလုပ်ငန်းရှင်များ လုံခြုံရေးအတွက် သီးသန့်ငှားရမ်းနိုင်ရန် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ ပေါ်ပေါက်လာသော်လည်း အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များကြောင်း အဆင်မပြေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။

လုံခြုံရေးဝန်ထမ်းများတွင် လိုအပ်သော အရည်အချင်းများ မရှိခြင်း၊ အသက်အရွယ်အလိုက် ရွေးချယ်ထားရှိမှု နည်းခြင်း၊ တိကျခိုင်မာသော စည်းကမ်းများ ချမှတ်ထားခြင်းမျိုး ပြုလုပ်မှု အားနည်းခြင်းနှင့် ငွေကြေး မြောက်မြားစွာ အသုံးပြုလိုခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ယခုကဲ့သို့ လိုအပ်ချက်များ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

“အခုခေတ်စားနေတဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေကို ငှားရမ်းပြီး အိမ်၊ ဆိုင်ခန်းတွေမှာ စောင့်ကြပ်ခိုင်းတဲ့အခါမှာ လုပ်အားခ သက်သာတဲ့ လူကြီးပိုင်းတွေ၊ လက်ကြောမတင်းတဲ့သူတွေ၊ အရက်သမားတွေစတဲ့ အများစုကို လာရောက်ပို့ဆောင်ပေးတာများတယ်။ နောက်ပြီးလူငယ်ပိုင်းကို ငှားရမ်းရင်လည်း ဈေးနှုန်းကွာခြားပါတယ်။ ဒါပေမဲ့ အရည်အသွေးပိုင်းဆိုင်ရာ ကျတော့ ပြည့်ဝခြင်းမရှိဘဲ လိုအပ်နေပါတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ကိုမင်းမင်းထွေးက ပြောသည်။

ယခုကဲ့သို့ မဖြစ်ပေါ်စေရန် လုံခြုံရေး ၀န်ဆောင်မှုလုပ်ငန်းများသည် အမှန်တကယ် နားလည်တတ်ကျွမ်းသည်အထိ သင်ကြားပြသပေးခြင်း၊ အရည်အချင်းရှိသောသူများကို ခန့်အပ်ထားရှိခြင်းတို့ကို ပြုလုပ်မှသာလျှင် ပြည်သူများ၏ ယုံကြည်မှုကိုရရှိ၍ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်လာနိုင်သည်ဟု ဆိုသည်။

“လုံခြုံရေးဝန်ထမ်း ငှားရမ်းတယ်ဆိုတာကလည်း ကိုယ်ရဲ့အိမ်၊ ဆိုင်ခန်း၊ ပွဲလမ်းသဘင်နဲ့ တခြားလိုအပ်ချက်တွေကို လက်ရှိထက် ပိုမိုလုံခြုံဖို့အတွက် ငွေကုန်ကြေးကျခံ ငှားရမ်းတာဖြစ်ပါတယ်။ အဲဒါကြောင့် လိုအပ်ချက်ပြည့်မီခြင်း မရှိဘူးဆိုရင် ဒီလိုမျိုးကိစ္စတွေကို ဘာလို့လုပ်တော့မှာလဲ။ ကိုယ်ဘာသာ ကိုယ်ပဲစောင့်တော့မှာပေါ့”ဟု ချမ်းမြသာစည်မြို့နယ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့အပြင် လုံခြုံရေးကုမ္ပဏီများကလည်း ၀န်ထမ်းများ ရွေးချယ်ခန့်ထားရာတွင် လစာနည်းသော သူများကိုသာ ခန့်အပ်လိုခြင်း၊ သတ်မှတ်လစာပေးအပ်မှုတွင် နှောင့်နှေးခြင်းတို့ကြောင့် ၀န်ထမ်းကောင်းများ လာရောက်မှု နည်းရခြင်း အကြောင်းတစ်ရပ်ဖြစ်ကြောင်း လုံခြုံရေးဝန်ထမ်းလုပ်ဖူးသူ တစ်ဦးက ပြောသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top