0

မောင်သင်တုန်း| ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၅ ရက်၊ ၂၀၁၄ ခုနှစ်။

လွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်အမတ် တာဝန်မှ ရပ်စဲလိုပါက နိုင်ငံသားတစ်ဦးက ခေါင်းဆောင်ကာ နိုင်ငံသား ၁၀ ဦး၏ ခိုင်လုံသည့် အသိသက်သေလက်မှတ်ဖြင့် တာဝန်မှ ပြန်လည်ရပ်ဆိုင်းနိုင်သည့် ဥပဒေကို အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်နေ့ ဇွန်လ ၂၄ ရက်က အတည်ပြုလိုက်သည်။

“လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေ”ကို အမျိုးသားလွှတ်တော်တွင် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များနှင့် အမျိုးသားလွှတ်တော်ကော်မတီက ပြင်ဆင်ချက်များကို အပိုဒ်လိုက် အတည်ပြုလိုက်ခြင်းဖြစ်သည်။

တပ်မတော်ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီးတိုင်ကြားချက်များကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အကြောင်းကြားချက်ရသည့်အခါ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းကြောင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်း မပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်များကို ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် တိုင်ကြားချက်ကို ရရှိသည့်အခါ စစ်ဆေးရေးအဖွဲ့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သုံးဦးနှင့် ပြင်ပမှသင့်လျော်သော နိုင်ငံသားနှစ်ဦးဖြင့် စုံစမ်းစစ် ဆေးရမည်ဖြစ်ပြီး ဖွဲ့စည်းခဲ့သည့် ငါးဦးမှာ သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကာ အချိန်ကာလ သတ်မှတ်၍ စစ်ဆေးရမည်ဖြစ်သည်။

တိုင်ကြားခံရသော ရွေးကောက်ခံ ကိုယ်စားလှယ်အား ချေပခွင့်ပေးရမည်ဖြစ်ပြီး တိုင်ကြားချက် မမှန်မကန် ပြုလုပ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးပေါ်ပေါက်လျှင် တိုင်တန်းသူ အဖွဲ့အစည်းနှင့် လက်မှတ်ရေးထိုး တိုင်ကြားထားသူများအား တည်ဆဲဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်ကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းမည်ဖြစ်သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top