ထိုင်းနိုင်ငံ ဘန်ကောက်မှာ အရေးပေါ်လိုင်း သတင်းပေးမှုကြောင့် အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၄ ဦး အဖမ်းခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက်ခရိုင် ဒင်းဒဲန်းမြို့နယ် ပချားဆုန်ခေါ့လမ်းသွယ် ၁၆ ထဲမှာ တရားမ၀င် အလုပ်သမားတွေ ရှိတယ်ဆိုပြီး ဖုန်းနံပတ် ၁၁၉၁ အရေးပေါ်လိုင်းကို သတင်းပေးပို့ချက်အရ လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေးအဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အဆိုပါ အိမ်ကို ဇွန် ၂၄ ရက်နေ့က ၀င်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီမှာ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ တရားမ၀င်အလုပ်သမား အမျိုးသမီး ၈ ဦး အမျိုးသား ၆ ဦး စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးရမိကြောင်းနဲ့ စစ်ဆေးချက်အရ အားလုံးဟာ မြန်မာအလုပ်သမားတွေ ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှုနဲ့ အရေးယူကာ နယ်စပ်ကို ပြန်ပို့မယ်လို့ လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးဦးစီးဌာနရဲ့ ညွှန်မှူး ဒုဗိုလ်မှူးကြီး နိုင်းချစ်ဖုပ် ဒိုးမင်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်ပိုင်ရှင် နန်းဆောင်ကျရစ် ထဲင်းပို အသက် ၄၄ နှစ်ကိုလည်း တရားမ၀င်သူတွေ လက်ခံထားရှိမှုနဲ့ ဆက်လက်အရေးယူသွားမယ်လို့ ညွှန်မှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။
Aye Chan Mon Credit To: DVB
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.