မေသော် on 2014-06-24 14:09
ကိုယ့်ချစ်သူကောင်လေးကို အကြောင်းမရှိ အကြောင်းရှာပြီး သ၀န်တိုနေတာမျိုး၊ ဘယ်သွားနေလဲ၊ ဘာလုပ်နေလဲ မေးနေတတ်တဲ့သူ ဘယ်သူကမှ မဖြစ်ချင်ပါဘူး။ ဖြစ်နေရင်လည်း ဒါဟာ ရေရှည်မြဲဖို့ မလွယ်တဲ့ ဆက်ဆံရေးအဖြစ်ကို ဦးတည်သွားပါလိမ့်မယ်။ ကိုယ့်ချစ်သူကောင်လေးကို တကယ် သ၀န်တိုသင့်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေကတော့
၁။ သူက အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းအတွက် အကြံဥာဏ်ယူရတော့မယ်ဆိုရင် အမေ ဒါမှမဟုတ် သူ့ သူငယ်ချင်းကောင်မလေးဆီကပဲ အမြဲယူတယ်။
ကိုယ့်ချစ်သူရည်းစားက အလုပ်အတွက်ပဲဖြစ်ဖြစ်၊ တခြားအရေးကြီးတဲ့အရာတွေအတွက် ဆုံးဖြတ်ချက်ချရတော့မှာပဲဖြစ်ဖြစ် အကြံဥာဏ်ဆိုရင် ကိုယ့်ဆီက ဘယ်တော့မှမယူဘူး။ ကိုယ်ပြောသလိုလည်း မလုပ်ဘူး။ သူ့အမေဆီက ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် သူ့သူငယ်ချင်းကောင်မလေးဆီကပဲ အမြဲတောင်းလေ့ရှိတယ်။ ကိုယ်ကလွဲပြီး တစ်ခြားသူတွေရဲ့ အကြံဥာဏ်အမြဲယူနေတတ်တယ်။
၂။ညဘက်တွေဆိုရင် ကိုယ်နဲ့တွေ့ဖို့ထက် သူ့သူငယ်ချင်းတွေနဲ့ပဲ အမြဲရှိနေတတ်တယ်။
ကိုယ်နဲ့တွေ့ဖို့ဆို အကြောင်းတစ်ခုခုကြောင့် ပျက်သွားတာမျိုး ရှိနေတတ်ရင်တောင် သူ့သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့တော့ အမြဲအတူတူရှိနေတတ်တယ်။ ကိုယ်နဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ယှဉ်ရွေးပါဆိုရင် သူငယ်ချင်းတွေဆီပဲ ရောက်သွားတော့တာပဲ။ ဒီတော့ တဖြည်းဖြည်းခံစားလာရတာက ကိုယ်က သူငယ်ချင်းတွေလောက်တောင် အရေးမပါဘူး။ ပထမဦးစားပေးနေရာမှာ ဘယ်တော့မှ မရှိဘူး။
၃။သူရဲ့အောင်မြင်မှုတစ်ခုခုဆို တခြားသူတွေနဲ့ပဲ အတူအောင်ပွဲခံလေ့ရှိတယ်။
အလုပ်မှာ ရာထူးတိုးတာပဲဖြစ်ဖြစ်၊ အလုပ်မှာ လစာတိုးတာ စတဲ့အရာတိုင်းကို တခြားသူတွေနဲ့အတူ အောင်ပွဲခံလေ့ရှိပေမယ့် ကိုယ်နဲ့ဆိုရင်တော့ ဒီသတင်းကို အသိပေးရုံကလွဲပြီး ဘယ်တော့မှ ပွဲလုပ်ပေးတာမျိုး မရှိဘူး။ ကိုယ့်ကိုအဖက်လုပ်ပြီး ပြောနေတာကိုပဲ ကျေးဇူးတင်ဆိုတာမျိုးပေါ့။ အဲ့ဒီအချိန် အောင်ပွဲခံဖို့အတွက် အလုပ်က အတွင်းရေးမှုးမလေး၊ လုပ်ဖော်ကိုင်ဖက်ကောင်မလေးတွေက သူ့ကို စောင့်နေရမှာကို အားနာတယ်ဆိုပြီး ကိုယ့်ကို ထားသွားခဲ့တာချည်းပဲ။
၎။သူကြိုက်တဲ့ မင်းသမီးအကြောင်း ပါးစပ်မစေ့အောင်ကို ပြောတတ်တယ်။
ကိုယ်နဲ့ရော သူနဲ့ပါ ဘယ်လိုမှ မပတ်သက်တဲ့ အခြားတစ်ယောက်ကို သ၀န်တိုရတာ နည်းနည်းတော့ အာရုံနောက်စရာပါပဲ။ ဒါပေမယ့် သူက အချိန်တိုင်း အဲ့ မင်းသမီး ဘယ်လိုလှကြောင်း၊ ဘယ်လိုဆက်စီဖြစ်ကြောင်း၊ ဆံပင်ပုံစံပြောင်းသွားပြန်ပြီ၊ ဘာလုပ်ပြန်ပြီ စတာတွေကို တရစပ်ပြောနေတတ်သူ ဆိုရင်တော့ သ၀န်တိုရတာ အမှားမဟုတ်ဘူးပေါ့။
Ref:womenshealthmag.com
Aye Chan Mon Credit To: Trend Myanmar
http://www.ayechanmon-news1.com/
Related Posts
- သူနာပြု စိတ်ဓာတ်အပြည့်ရှိတဲ့ သမီးဖြစ်သူ (ဒေါ်) အောင်ဆန်းစုကြည်
ထိုအချိန်က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချူ ပ်တွင် အလုပ်ဝင်ရောက်လုပ်ကိုင်နေချိန်ပင် ဖြစ်သည်။ စု သည် အုပ်[...]
Jan 03, 2016 - မျက်ခွံ အိကျနေသူတွေအတွက် မျက်ရစ်ဖော်နည်း
Victor.PaaTung အရက်သေစာသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတဲ့ ဘဝနေထိုင်မှု အလေ့အကျင့်များစွာ[...]
Jan 02, 2016 - နေ့လည်နေ့ခင်း အရက်ဘီယာ သောက်တတ်သူတွေ သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ်
တစ်ချို့ လူတွေက နေ့ လယ်နေ့ ခင်းလည်း မရှောင် အရက်သောက်တတ်ကြပါတယ်။ မွန်းတည့် အစာစား တုန်း coc[...]
Jan 02, 2016 - တစ်ကိုယ်တည်းနေထိုင်ခြင်း၊ အထီးကျန်ခြင်းတွေဟာ အဝလွန်ခြင်းကဲ့သို့ ကြောက်စရာကောင်းနေတာ
ပေါ်ထွန်း အဖော်မဲ့ ဖြစ်နေခြင်း သို့မဟုတ် အထီးကျန်ဆန်လွန်းခြင်းတွေဟာ မိမိကျန်းမာရေးကို [...]
Jan 01, 2016 - သားသမီးတွေနဲ့ နှစ်ဘယ်လောက်ကြာ အတူနေရမလဲ
(၃)နှစ်... သူ မူကြိုစတက်တဲ့နေ့သန်သန်စွမ်းစွမ်း သူ့နောက်ကျောလေးကို ကြည့်ရင်း ပျော်ရွှင်ဝမ်းနည်[...]
Dec 27, 2015 - အောင်မြင်သူတွေ တနင်္လာနေ့မနက်တိုင်း လုပ်လေ့ရှိတဲ့ အချက် (၅) ချက်
ပေါ်ထွန်း on 2015-12-24 ပိုကောင်းတဲ့အရာတစ်ခုနဲ့ ရက်သတ္တပတ်ထဲက တစ်ရက်ရက်ကို ကျွန်တေ[...]
Dec 27, 2015
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.