ACM Re-Post 3-6-2014
မလွှကုန်း ဘူတာနှင့် ပုဇွန်တောင်ဘူတာကြားတွင် မီး နီမိ၍ ရပ်ထားသည့် ရထားတစ်စီး ကို နောက်ဘက်မှ မောင်းလာ သည့် ရထားတစ်စီးက ၀င်တိုက် မိသဖြင့် စက်ခေါင်းမောင်းအပါ အ၀င် လူငါးဦးဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုဇွန်တောင်ဘူတာနှင့် မလွှကုန်း ဘူတာကြားရှိ မိုင်တိုင် အမှတ် ၁/၈နှင့် ၁/၉ ကြား သံတဲရုံအနီးတွင် သန်လျင်ဘက်မှ မောင်းလာသည့် အင်ကြင်း-၂ သီလ၀ါ-ရန်ကုန်သွားရထားတစ် စီးသည် ပုဇွန်တောင်ဘူတာသို့ မ၀င်မီ မီးပွိုင့်မိ၍ ရပ်ထားစဉ် ရွာသာကြီးဘက်မှ မောင်းလာသောမင်းသား-၇ ဟုခေါ်သည့် ရွာသာကြီး -ရန်ကုန်ရထားက အရှိန်မထိန်းနိုင်ဘဲ အနောက်ဘက်မှ ၀င်တိုက်မိခြင်းဖြစ်သည်။
‘‘ရှေ့နောက်သွားနေတဲ့ ရ ထားနှစ်စီး တိုက်တာပါ။ နောက် ရထားက မီးပွိုင့်ရောက်တော့ အရှိန်နဲ့မို့ ဘရိတ်မဖမ်းနိုင်ဘဲ နောက်က ၀င်တိုက်တာပါ’’ ဟု မြန်မာ့မီးရထား(ရန်ကုန်) မှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။
ရထားချင်းတိုက်မိ၍ မင်း သား-၇ ရထားစက်ခေါင်းမောင်း နှင့် ခရီးသည်အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိ ခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ကာ ဆေးကုသပေးနေ ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးမှ ဒုဆေးရုံအုပ်ကပြောသည်။
‘‘လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ လေးဦးကတော့ ဆေးကုသမှုခံယူပြီး ပြန်သွားပြီ။ ကျန်တစ်ဦးကသာ ဦးနှောက်နဲ့ အာရုံကြောအဆောင်မှာ တင် ထားတယ်။ ဘယ်သူမှ ဒဏ်ရာ ပြင်းပြင်းထန်ထန်မရပါဘူး။ မစိုး ရိမ်ရပါဘူး။ ကျိုးသွားတာ ဘာမှ မရှိပါဘူး’’ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒုဆေးရုံအုပ်ဒေါက်တာ ပပက ပြောသည်။
ရထားတိုက်မှု ဖြစ်စဉ်ကို မြန်မာ့မီးရထားဥပဒေအရ အရေး ယူဆောင်ရွက်နေကြောင်း မင်္ဂ လာတောင်ညွန့်ရဲစခန်းမှ စုံစမ်းသိရှိရသည်။
ဘူတာရုံတစ်ခုတွင် ရပ်ထားသော ရထားပေါ်မှ လူငယ်တစ်ဦး အပြင်သို့ ကြည့်နေစဉ် (FILE PHOTO/AFP)
Aye Chan Mon Credit To : 7 DAys Daily
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment