0

Byအောင်သစ်လွင်

မြန်မာ့ကမ်းရိုးတန်းဒေသ များတွင် လာမည့် လေးရက်ဆက် တိုက်မိုးကောင်းနိုင်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဆယ်ခုတွင် နေ ရာကွက်၍ မိုးကြီးနိုင်ကာ ရေဘေးအန္တရာယ် မြင့်မားနေကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုး/ဇလ ဌာနက သတိပေးထားသည်။

‘‘ခန့်မှန်းချက်တွေ အရ တော့ ကမ်းရိုးတန်းဒေသတွေမှာ နောက် လေးရက်အထိ မိုးဆက် တိုက်ရွာနိုင်တယ်။ မိုးဆက်တိုက် ရွာနေတဲ့ ဒေသတွေ အထူးသဖြင့် စိုက်ပျိုးရေးသမားတွေ သတိထား ရမယ့် ကာလကိုရောက်နေပြီ’’ ဟု ဒေါက်တာထွန်းလွင်က ပြော သည်။

ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရန်ကုန်၊ ပဲခူး၊ သထုံနှင့် မအူပင် မြို့နယ်များတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အိန္ဒိယမိုးလေ ၀သဌာန၏ ခန့်မှန်းချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင် က သတိပေးသည်။ အထူးသဖြင့် မွန်ပြည်နယ် သထုံမြို့တွင် မိုးပို ၍ကောင်းနေသည်ဟု ဆိုသည်။

မိုး/ဇလ ဌာနက ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်းနှင့် မိုးခေါင် နေသည့် စစ်ကိုင်းတိုင်း၊ မကွေး တိုင်းဒေသကြီးအပါအ၀င် ထိုင်း ဒေသကြီးနှင့် ပြည်နယ် ဆယ်ခုအထိ နေရာကွက်၍ မိုးကြီးမည့် အန္တရာယ်ရှိနေကြောင်း ဇွန်လ ၁၉ ရက်တွင် သတိပေးထား သည်။ ထို့ပြင် ဘင်္ဂလားပင်လယ် အော်၌ မုတ်သုံလေ အားအလွန် ကောင်းနေပြီး မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်နာရီ လျှင် မိုင် ၄၀ အထိ လေပြင်းတိုက် နိုင်ကြောင်း သတင်းထုတ်ပြန် ထားသည်။

မြန်မာ့ ပင်လယ်ပြင်နှင့် ကမ်း ရိုးတန်းဒေသများတွင် မုတ် သုံလေအားကောင်းပြီး မိုးသည်း ထန်စွာ ရွာနေသောကြောင့် ကိုကိုးကျွန်းတွင် ဇွန်လ ၁၇ ရက် က စံချိန်ကျိုးသည်အထိ မိုးရွာခဲ့ သည်။ ၂၀၀၂ ခုနှစ်က ၇ ဒသမ ၆၈ လက်မဖြင့် စံချိန်တင်ထား သည်ကို ၁၀ ဒသမ ၉၁ လက်မ ဖြင့် စံချိန်းကျိုးခဲ့ခြင်း ဖြစ်သည်။

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top