0

ACM Re-Post 19-6-2014

လူထုဗဟိုပြုစီမံ ကိန်းနှင့်ကိုက်ညီသော မြို့နယ် တစ်မြို့နယ်ကို ရွေးချယ်ပြီး မြို့ နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၇,၀၀၀ နှင့်ညီမျှသော မြန်မာကျပ်ငွေကို သုံးနှစ်ဆက်တိုက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။

နေပြည်တော်ကောင်စီနယ် မြေအတွင်း ယနေ့ပြုလုပ်သော လူထုဗဟိုပြုစီမံကိန်းအကောင် အထည်ဖော်နိုင်ရန် အကြံဉာဏ်ရ ယူခြင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။

‘‘ကျေးရွာအုပ်စုမှာရှိတဲ့ လူ ဦးရေအပေါ်မူတည်ပြီး ထောက်ပံ့ ပေးမယ့် ငွေကြေးကတော့ အနည်း နဲ့အများပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီလိုရရှိတဲ့ ထောက်ပံ့ငွေနဲ့ စီမံကိန်းပထမနှစ်မှာ ကျေးရွာမှာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတား၊ ရေပေးရေး၊ ကျေးလက်မီးလင်းရေး၊ အသေးစားဆည်တမံ၊ အများပြည်သူသုံး အဆောက်အအုံများဖြစ်တဲ့ ကျောင်း၊ ဆေးပေးခန်း၊ ဈေး၊ အိမ်သာစသဖြင့် အသေးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်းတွေကို ကျေးရွာလူထုဆန္ဒနဲ့အညီ ကျေးရွာလူထုကိုယ်တိုင်က ရွေးချယ်အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်’’ ဟု ၎င်းက ရှင်းပြသည်။

ယခုဘဏ္ဍာနှစ်တွင် လူထု ဗဟိုပြုစီမံကိန်းကို စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်၊ မကွေးတိုင်း စေတုတ္တရာမြို့နယ်၊ ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်၊ ရခိုင် ပြည်နယ် အမ်းမြို့နယ်၊ ရန်ကုန် တိုင်း ထန်းတပင်မြို့နယ်နှင့် နေ ပြည်တော်အတွင်းရှိ တစ်မြို့နယ် တို့ကို ကျေးရွာအုပ်စုအားလုံး၌လူထုရွေးချယ်တင်ပြသည့် စီမံကိန်းလုပ်ငန်းများကို သုံးနှစ်ဆက် တိုက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မွေးမြူရေး၊ ရေးလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရှေ့လာမည့်နှစ်တွင် ကျန်ရှိ သည့် ပြည်နယ်၊ တိုင်းခြောက်ခု ၌ ယခုစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လူထုဗဟိုပြုကျေးရွာ ဖွံ့ဖြိုး ရေးစီမံကိန်းများကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အီတလီ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့များနှင့်ပူးပေါင်းကာ ကျေး ရွာပေါင်း ၃,၀၀၀ ကျော်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း များတွင် ကမ္ဘာ့ဘဏ်က ပူးပေါင်း ဆောင်ရွက်ရန် အမေရိကန်ဒေါ် လာသန်း ၈၀ ထောက်ပံ့ကူညီပြီး ပြည်သူ့အခြေပြုလူထုဗဟိုပြုစီမံ ကိန်းကို ၂၀၀၂ စက်တင်ဘာကစတင်ပြီးခဲ့ခြင်းဖြစ်သည်။

အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအားတွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top