ACM Re-Post 21-6-2014
ရန်ကုန်၊ ဇွန် ၂၀- နိုင်ငံရေးပါတီ များအား အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော် ကားတင်သွင်းခွင့်ပြုရန် နှင့် မြေနေရာပေးရန် နိုင်ငံတော် သမ္မတရုံးမှ ခွင့်ပြုချက်မရရှိသေး ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ သိရသည်။
နိုင်ငံရေးပါတီ တစ်ပါတီလျှင်အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော် ကားငါးစီးနှုန်း တင်သွင်းခွင့်ပြုရန်နှင့် နိုင်ငံရေးပါတီအသီးသီးမှ နိုင်ငံရေး ပါတီရုံးချုပ်များ ဖွင့်လှစ်နိုင်ရေးအ တွက် နိုင်ငံတော်ပိုင်လစ်လပ်သည့် မြေနေရာ အဆောက်အအုံများတွင် ဖွင့်လှစ် ခွင့်ပြုပေး ပါရန် မေ၂၂ရက် တွင် နိုင်ငံတော်သမ္မတရုံးသို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တင်ပြထားခြင်းဖြစ် သည်။
ယင်းသို့ တင်ပြထားသည်မှာ မေ ၂၂ရက်တွင် တင်ပြထားခြင်းဖြစ် ၍ ယခုအခါတွင် တစ်လတင်းတင်း ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။
''နိုင်ငံတော်သမ္မတရုံးကနေခွင့် ပြုချက် မရရှိသေးပါဘူး။ တင်ပြထား တာနဲ့ပတ်သက်ပြီး သမ္မတရုံးကနေ အကြောင်း မပြန်သေး ဘူး''ဟုပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူးဦးသောင်းလှိုင်က ဒီမိုကရေစီတူဒေးသတင်းစာအား ဇွန် ၂ဝရက်တွင်ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက် ပွဲကော်မရှင်မှ တရားဝင်ခွင့်ပြုထား သော နိုင်ငံရေးပါတီ ၆၅ပါတီရှိကာ ပါတီငယ်အများစုမှ ပါတီရန်ပုံငွေမ တောင့်တင်းသဖြင့် ပါတီလုပ်ငန်း စဉ်များလုပ်ကိုင်ရာတွင်ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။
နိုင်ငံရေးပါတီများအနေဖြင့်ဒီ မိုကရေစီပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များအား သက်ဆိုင် ရာ အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပါတီဝင်စည်းရုံး ရေးနှင့် ကိုယ်စားလှယ်လောင်းများ စည်းရုံးရေးတွင် သွားလာရလွယ်ကူ စေရန် မော်တော်ယာဉ်အခွန်ကင်း လွတ်တင်သွင်းခွင့်ပြုရန် တင်ပြခြင်း ဖြစ်ပြီး ပါတီရုံးခန်းများ ဖွင့်ရန်အ ဆောက်အအုံမြေနေရာ တောင်းဆို ခြင်းမှာ နိုင်ငံရေးပါတီများအနေဖြင့် ဒေသအသီးသီး တွင်ပါတီ ရုံးခန်းများ ဖွင့်ရန် အခက်အခဲရှိနေသဖြင့် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တင်ပြရခြင်းဖြစ်ကြောင်းသိရသည်။
[--Democracy today Daily Newspaper--]
Aye Chan Mon Credit To: Yangon Media Group
http://www.ayechanmon-news1.com/
Home
»
နိုင်ငံရေး
» နိုင်ငံရေးပါတီများအား မြေနေရာနှင့် ကားတင်သွင်းခွင့်ပြုရန် သမ္မတရုံး၏ ခွင့်ပြုချက်မရသေးဟုဆို
Subscribe to:
Post Comments (Atom)
Post a Comment