0

ACM Re-Post 21-6-2014
Written by: 
ဝင်းမောင်(မောင်တော)

မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော်ကျေးရွာ အုပ်စုတွင် ညအချိန် လူအုပ်စုဖွဲ့မှုများရှိခဲ့၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားမှုမရှိစေရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း သိရကြောင်း သတင်းရရှိသည်။

ဇွန် ၁၉ ရက် ည ၉ နာရီခွဲခန့်တွင် အလယ်သံကျော်ကျေးရွာ နယ်မြေလုံခြုံရေး စခန်းအနီးသို့ ဘင်္ဂါလီများက လက်နှိပ်ဓာတ်မီးများဖြင့် အကြောင်းမဲ့ ရုတ်တရက် ချဉ်းကပ်လာသဖြင့် မလိုလားအပ်သွား ဆူပူအုံကြွမှုများ မဖြစ်ပေါ်စေရေး လုံခြုံရေးရဲတပ်ဖွဲ့က သေနတ်အချက် ၂၀ ခန့် ပစ်ဖောက်ကာ လူစုခွဲခဲ့ရကြောင်းလည်း သိရသည်။

“ည ၉ နာရီခွဲမှာ အလယ်သံကျော် နယ်မြေရဲစခန်း နောက်ဘက်က ဘင်္ဂါလီတွေ ရာနဲ့ချီပြီး ဓာတ်မီးထိုးပြီးတက်လာလို့ လုံခြုံရေးရဲက သေနတ်အချက်ပေါင်း ၂၀ ကျော်ခန့်အထိ ပစ်ဖောက်ဟန့်တားခဲ့ရတာ ဖြစ်ပါတယ်။ ည ၁၀ နာရီကျော်ထိ သေနတ်သံကြားနေရတယ်။ ဒီနေ့တော့ ရဲအရာရှိတွေ လာသွားတာတွေ့ရတယ်” ဟု အလယ်သံကျော် ဒေသခံတစ်ဦးက ပြောကြားသည်။

အလားတူ ဇွန် ၁၉ ရက်ည ၈ နာရီ ကျော်ခန့်ကလည်း မောင်တောမြို့တောင်ပိုင်းရှိ ဘဂုံးနားဘင်္ဂါလီရွာမှ ဘင်္ဂါလီများက အကြောင်းမဲ့ စုပြုံထွက်ပေါ်လာပြီး ဓာတ်မီးဖြင့်ထိုးကာ ခြိမ်းခြောက်လာ၍ ဘဂုံးနားရှိ ရဲကင်းစခန်းမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကသေနတ်နှစ်ချက်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း၊ ဆူပူမှုများ ဖြစ်ပွားမှုမရှိစေရေး မောင်တောမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကားဖြင့်အချိန်မီသွားရောက် ဟန့်တားခဲ့ရကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်များအား အတည်ပြုနိုင်ရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။

လက်ရှိတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရှောင်တခင်လူဦးရေ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဘင်္ဂါလီများက ငြင်းဆန်မှုများရှိပြီး ဒေသတွင်းတည်ငြိမ်မှုအား ပျက်ပြားစေအောင် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာလျင် တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားရန်ရှိကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မောင်တောမြို့နယ်အတွင်း ဆူပူအကြမ်းဖက်မှု နှစ်နှစ်ပြည့်မြောက်ခဲ့သော်လည်း ဒေသတွင်း တည်ငြိမ်မှုမရှိသေး၍ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်အား မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးတိုးမြှင့် ထားရဆဲဖြစ်သည်။

Aye Chan Mon Credit To:
http://www.ayechanmon-news1.com/

Post a Comment

 
Top